IP

1/17/12

USB အသုံးပြုခြင်းကို ပိတ်ရအောင်


ကွန်ပျူတာ တော်တော်များများကို security အရနဲ့ virus တွေ ဝင်မှာ စိုးတဲ့အတွက် USB Storage device တွေဖြစ်တဲ့ memory stick, MP3/MP4 Player, Digital Camera, USB portable harddisk တွေကို အသုံးပြုခွင့် ပိတ်ထားတယ်... ကျတော့် ရုံးမှာတော့ CMOS ထဲကနေ USB ကို disable လုပ်ထားတဲ့အပြင် USB port တွေကိုပါ physical အရပါ ပိတ်ထားရတယ်... အခုတော့ Windows XP မှာ USB storage device တွေကိုပဲ အသုံးပြုခွင့် ပိတ်ချင်တယ် ဆိုရင် ဘယ်လို ပိတ်ရမလဲ ဆိုတဲ့ နည်းကို google ကျေးဇူးနဲ့ ရှာတွေ့ပြီ...

အခုရေးမယ့် အဆင့်တွေကတော့ USB storage device တစ်ခုခု အနည်းဆုံး ၁-ခါ တစ်ခါ တပ်ဆင် အသုံးပြုဖူးတဲ့ Windows XP သုံး ကွန်ပျူတာတွေ အတွက်ပါ... မိမိ အသုံးပြုနေတဲ့ user account ဟာ administrator အဆင့်တော့ ရှိစရာလိုပါတယ်...

1. ပထမအဆင့်အနေနဲ့ Start ကို click လုပ်ပြီး Run ကို ရွေးပါ... (Windows Key + R ကို နှိပ်ရင်လည်း ရပါတယ်...)
2. ပေါ်လာတဲ့ Open ရဲ့ဘေးမှာ ရှိတဲ့ text box ထဲမှာ regedit လို့ရိုက်ထည့်ပြီး OK ကို ကလစ်လုပ်ပါ...
Registry Editor ပေါ်လာပြီဆိုရင်...
3. HKEY_LOCAL_MACHINE » SYSTEM » CurrentControlSet » Services » UsbStor
4. ညာဘက် pane ထဲက Start ကို double click ခေါက်ပါ...
5. Value Data အောက်ကပ်ရပ်မှာ ရှိတဲ့ text box ထဲမှာ 4 လို့ ပြင်ရိုက်ထည့်ပါ... Hexadecimal ကို မရွေးထားရင် ရွေးပေးပါ... ပြီးရင် OK ကိုနှိပ်ပါ...
(USB Storage device တွေ အသုံးပြုခွင့် ပြန်ပေးချင်တယ် ဆိုရင်တော့ 3 လို့ရိုက်ထည့် ပေးရမှာပါ...)
6. Registy Editor ထဲမှ ထွက်ပါ...


USB Storage device တွေကို အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး... ဒါပေမယ့် ကျန်တဲ့ USB device တွေဖြစ်တဲ့ printer, keyboard, mouse တွေတော့ ဆက်လက် အသုံးပြုနိုင်ကြောင်း စမ်းသပ် တွေ့ရှိခဲ့ပါသည်... အပေါ်ကအဆင့်တွေဟာ Registry ကို ပြင်ရတာဖြစ်တဲ့ အတွက် အန္တရာယ်ရှိပါတယ်... မပြင်ခင်မှာ Registry ကို backup ကြိုလုပ်ထားပါ... အပေါ်ကအဆင့်တွေ ရှုပ်လို့ မပြင်ချင်ဘူးဆိုရင် USB Storage Device တွေ မသုံးစေချင်ရင် http://maunghla.googlepages.com/USBstorageDisable.reg ကို download လုပ်ပြီး run ပါ... ပိတ်ထားတဲ့ USB Storage Device တွေ ပြန်သုံးချင်တယ် ဆိုရင်တော့ http://maunghla.googlepages.com/USBstorageEnable.reg ကို download လုပ်ပြီး run ပါ... အဆင်ပြေနိုင်ပါစေ

0 ရေးပေးပါ:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management