IP
Showing posts with label Windows 8. Show all posts
Showing posts with label Windows 8. Show all posts

6/28/13

Windwos 8 သုံးသူများသိစေရန်





Windows 8 သုံးသောသူများ သိစေရန်  
Window 8 OS တွင် ညစ်ညမ်းဂိမ်း (Adult Game) ဆော့ကစားခြင်းအား Microsoft မှ 

တားဆီး ပိတ်ပင်ထားမည် ဖြစ်ကြောင်း သိရသည်။

ဂိမ်းခွေတွင် ပါရှိသော rating သည် – PEGI 16 သို့မဟုတ် ESRB Mature ထက်ကျော်လွန်ပါက Window 8 OS တွင်ေ


ဆာ့ကစား၍ ရမည် မဟုတ်ကြောင့် မိုက်ခရိုဆော့ဖ် ပရိုဂမ်မာများက ပြောကြားသည်။ app certification requirements ကို 

အဆင့်မြင့်တင်ထားသော်လည်း ယင်း တားမြစ်ချက်က အခြား ဂိမ်များကိုလည်း ထိခိုက်စေနိုင်ကြောင်း သိရသည်။ 

ဂိမ်း Rating များမှာ နိုင်ငံတစ်ခုနှင့် တစ်ခု မတူညီပေ။

အမေရိကန်တွင် Mature rating ရရှိပြီး အဆင်ပြေနိုင်သော်လည်း 


ဥရောပ တွင် အဆင်မပြေနိုင်မည့် ဂိမ်းများ ရှိသည်။ 

Dishonored, Skyrim, Sleeping Dogs, Assasin’s Creed, Call of Duty စသည့်ဂိမ်းများ ဖြစ်ပြီး

အခြား Violence ပြင်း၍ အသက်အရွယ် ကန့်သတ်မှု များသော အက်ရှင်ဂိမ်း၊ Horror ဂိမ်း များလည်း 

Windows 8 တွင် ဆော့ကစား၍ မရနိုင်ကြောင်း သိရသည်။

ညစ်ညမ်းဂိမ်းကို Windows 8 OS တွင် စစ်ထုတ် တိုင်းတာရန် စနစ်ပါရှိပြီး ဂိမ်းက ဖော်ပြသည့် 


Metadata မှာ အားလုံးအတွက် သင့်လျော်နေရ မည် ဖြစ်ကြောင်း ပြောကြားထားသည်။ 

ထို့ကြောင့် Windows 8 OS အသုံးပြု၍ ဂိမ်းခွေစတိုးများ ဝင်ရောက်ရာတွင်လည်း အခက်တွေ့နိုင်ကြောင်း သိရသည်။

ထို့ကြောင့် Windows 8 OS တွင် ညစ်ညမ်းဂိမ်း တားမြစ်ချက် အတွက်


 အသုံးပြုသော နည်းပညာကို အဆင့်မြင်တင်ရန် တိုက်တွန်းလျက်ရှိကြောင်း သိရသည်။

12/30/12

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font

ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ အရင်ဆုံးကျွန်တော်အောက်မှာပေးထားတဲ့ Link လေးတွေကနေ Zawgyi Font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  Winrar ဖို်င်လေးကိုဖြည်လိုက်ပါ။ ပထမဖိုင်လ်ထဲမှာ  Setup ဆိုတာလေးကို အရင် Install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။ 
ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ဖို့လိုပါတယ်။ 
ဆင့်(၁) Control Panel ကိုသွားဖို့ကရိုးရိုးလေးပါပဲ။ Desktop ပေါ်ကို Right Click ထောက် Personalize ကိုကလစ်ပေးပါ။  ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။  Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။
အဆင့်(၂) အဲဒီမှာ Advaced Settings ဆိုတာကို လကစ်ပေးပါ။
အဆင့်(၃) Override for default input method  ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L  ဆိုတာလေးကို ရွေးပေးပါ။  ဒါဆိုရင် Zawgyi  Font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။

12/19/12

Windows 8 Release Preview အကြောင်း


အသစ်ဖြန့်ချိမယ့် Windows 8 operating system သစ်ရဲ့နောက်ဆုံး preview ဗားရှင်း Windows 8 Release Preview ကို Microsoft ကုမ္ပဏီမှ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ဖြန့်ချိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျင်းပပြုလုပ်ခဲ့တဲ့ Mobile World Congress ပွဲမှာ Windows 8 Consumer Preview ကို
ပွဲထုတ်မိတ်ဆက်ပေးခဲ့စဉ်က ၎င်းကိုစမ်းသပ်အသုံးပြုရန်အတွက် download ပြုလုပ်မှုမှာ ဖြန့်ချိပြီး ၂၄ နာရီအတွင်း တစ်သန်းကျော်ရှိခဲ့ပါတယ်။ Windows 8 Release Preview ကို စမ်းသပ်အသုံးပြုလိုသူတွေအနေနဲ့ Microsoft ဆိုက် http://preview.windows.com ကနေ download ရယူပြီးအသုံးပြုနိုင်တဲ့ Windows 8 Release Preview မှာ app သစ်များကို မိတ်ဆက်ပေးထားပြီး အသုံးပြုရာမှာလည်း တည်ငြိမ်မှုရှိသလို လျင်မြန်မှုလည်းရှိပါတယ်။ ဒါကြောင့် Windows 8 Release Preview မှာပါဝင်တဲ့ feature သစ်များ၊ default app များ၊ interface နဲ့ စွမ်းဆောင်ရည်တို့အကြောင်းကို ဖော်ပြလိုက်ပါတယ်။

Multitouch touch pad
Windows 8 ရဲ့ အကောင်းဆုံး feature တွေထဲကတစ်ခုဖြစ်တဲ့ Multi-touch touch pad ဟာ touch pad များပေါ်မှာ multitouch gesture များနဲ့အသုံးပြုနိုင်စေမယ့် feature တစ်ခုဖြစ်ပါတယ်။ Mac တွေအတွက် လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်ကတည်းက multitouch touch-pad drive များရှိခဲ့ပေမယ့် Windows touch pad များကိုတော့ Windows XP ထွက်ပေါ်စဉ်ကတည်းက hardware ထုတ်လုပ်သူများက ထောက်ပံ့ပေးခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ Windows 8 ထွက်ပေါ်လာတဲ့အခါမှာ hardware ထုတ်လုပ်သူများအနေနဲ့ hardware အဆင့်မြှင့်တင်မှုများကို တွဲဖက်ပြုလုပ်ပေးမှာဖြစ်တဲ့အတွက် Windows touch pad များကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒါကြောင့် touch pad များပါဝင်တဲ့ လက်တော့ပ်အားလုံးမှာ default gesture သုံးမျိုးဖြစ်တဲ့ pinch-to-zoom, two-finger scroll, edge
swiping တို့နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ touch-screen မဟုတ်တဲ့ Windows 8 ကွန်ပျူတာတွေမှာ mouse နဲ့ အသုံးပြုတဲ့အခါမှာလည်း edge swiping ကို အလွယ်တကူ အသုံးပြုနိုင်စေခြင်းဖြစ်ပါတယ်။ Microsoft ရဲ့ User Experience အဖွဲ့မှ Program Management ဒါရိုက်တာဖြစ်သူ Jensen Harris ကတော့ Windows 8 ကို အပြီးသတ် ထုတ်လုပ်ဖြန့်ချိတဲ့အခါမှာ နောက်ဆုံးအသုံးပြုခဲ့တဲ့ app ကို ပြန်လည်အသုံးပြုလိုတဲ့အခါ touch screen ရဲ့ဘယ်ဘက်အနားစွန်းကနေ ညာဘက်ကို swipe လုပ်ရုံနဲ့အသုံးပြုနိုင်ပြီး Start screen ခလုတ်မှာတော့ နောက်ဆုံးအသုံးပြုခဲ့တဲ့ app ကို thumbnail နဲ့ဖော်ပြပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။


Default app များ
Default app များနဲ့ပတ်သက်ပြီး ပြဿနာအနည်းငယ်ရှိပေမယ့် Windows 8 ကို တရားဝင်ဖြန့်ချိတဲ့အခါမှာတော့ အဆိုပါအားနည်းချက်များကို ဖြေရှင်းပြီးသားဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Default app များအနက် Sports app ဟာ နှစ်သက်ရာ အားကစားအသင်းများရဲ့ box score များ၊ statistics များ၊ roster များနဲ့ သက်ဆိုင်ရာသတင်းဆောင်းပါးများကို ဖော်ပြပေးမှာဖြစ်ပါတယ်။ Travel app ကတော့ လေယာဉ်လက်မှတ်များနဲ့ ဟိုတယ်အခန်းများ မှာယူခြင်းတို့အတွက်သာမက ခရီးသွားလမ်းညွှန်အချက်အလက်များကိုပါ ဖော်ပြပေးနိုင်ပါတယ်။ Developer များဟာ zoom အတွက် အဆင့်မြှင့်တင်မှုများပြုလုပ်ထားပြီး content များကို အဆင့်ဆင့်ခွဲခြားဖို့အတွက် pinch-to-zoom နဲ့အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ App သစ်အားလုံးမှာ pinch-to-zoom ကိုအသုံးပြုထားပြီး People လိုမျိုးအခြား app တွေမှာလည်း Zoom out လုပ်ရုံနဲ့ contact တွေကို အက္ခရာအစဉ်အလိုက်ခွဲကာ ရှာဖွေနိုင်မှာဖြစ်ပါတယ်။

Internet Explorer 10 ရဲ့ Metro ဗားရှင်းမှာလည်း built-in Flash အထောက်အပံ့ကို ထည့်သွင်းပေးထားပါတယ်။ HTML5 playback ကို default အနေနဲ့ အသုံးပြုထားတဲ့အတွက် Metro IE 10 နဲ့ဝက်ဘ်ပေါ်မှာ Flash content တွေကို အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ IE 10 Desktop mode မှာလည်း Flash လိုမျိုး plug-in တွေကို အထောက်အပံ့ပေးထားပါတယ်။ ဒါ့အပြင် IE 10 Metro မှာ Do Not Track feature ကို default အနေနဲ့ အသုံးပြုထားတာကြောင့် cookie တွေကို ခြေရာခံနိုင်ခြင်းမှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ အသုံးပြုထားတဲ့ history ကို ကြည့်ရှုလိုတဲ့အခါမှာ touch screen ရဲ့အနားစွန်းများထံသို့ swipe လုပ်ခြင်းနဲ့ပြုလုပ်နိုင်ပါတယ်။ Touch screen မဟုတ်တဲ့ ကွန်ပျူတာများမှာတော့ အရှေ့နဲ့အနောက် arrow ခလုတ်များနဲ့ ပြုလုပ်နိုင်တယ်လို့ဆိုပါတယ်။

Lock screen ကိုလည်း အဆင့်မြှင့်တင်ထားပြီး Video နဲ့ Music app တွေကို lock screen ကနေ ထိန်းချုပ်အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ Tablet များနဲ့ကီးဘုတ်များပေါ်က volume control ကို နှိပ်လိုက်တဲ့အခါမှာ သေးငယ်တဲ့ control window ပေါ်လာမှာဖြစ်ပါတယ်။ Music app မှာ ZunePass, DLNA အထောက်အပံ့တို့ပါဝင်လာပြီး ယင်းတို့ဟာ ယခင်ကထက် streaming အထောက်အပံ့ကို ပိုမိုကောင်းမွန်စွာနဲ့ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ Sky Drive app မှာတော့ fetch လို့ခေါ်တဲ့ feature သစ်ပါဝင်လာပြီး ယင်း feature ဟာ SkyDrive ထည့်သွင်းထားတဲ့ အခြားကွန်ပျူတာတွေက ဓာတ်ပုံတွေကို ရယူနိုင်စေမှာဖြစ်ပါတယ်။

ဓာတ်ပုံအရွယ်အစား ဘယ်လောက်ကြီးကြီး လက်ခံမယ့် ကွန်ပျူတာရဲ့ local drive အရွယ်အစားပမာဏအပေါ်မူတည်ပြီး အချက်အလက်တွေကို လွှဲပြောင်းနိုင်ပါတယ်။ Mail app ကတော့ ပိုမိုကောင်းမွန်တဲ့ multiple account အထောက်အပံ့ကို ထည့်သွင်းပေးထားပြီး email account များကို Start screen မှာ pin လုပ်ထားနိုင်တာကြောင့် လိုအပ်တဲ့ email ကို အလွယ်တကူ ရယူနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် Mail app ကို Calendar app နဲ့ လည်း ပေါင်းစပ်ထားပါတယ်။ Interface နဲ့ Performance Interface နဲ့ပတ်သက်ပြီး Windows 8 Release Preview မှာ ကြီးကြီးမားမားပြောင်းလဲမှုမရှိပေမယ့် ပြီးခဲ့တဲ့စက်တင်ဘာလက ဖြန့်ချိခဲ့တဲ့ Developers Preview ထက် လူအများ ပိုမိုသတိထားမိအောင် ပြုလုပ်ထားပါတယ်။ Navigate ပြုလုပ်ရာမှာ အရင်ကထက် ပိုမိုချောမွေ့ကာ မြန်ဆန်လာပြီး boot လုပ်တဲ့အခါမှာလည်း ယခင်ကထက် ပိုမိုမြန်ဆန်လာပါတယ်။ Sl**p mode ကနေ resume ပြန်လုပ်ရာမှာ ၂ စက္ကန့်အတွင်းပြုလုပ်နိုင်ပြီး ဒီနှုန်းဟာ ယခင်ဗားရှင်းကထက် ထက်ဝက်ခန့် ပိုမိုလျင်မြန်လာခြင်းလည်းဖြစ်ပါတယ်။

Mail နဲ့ Calendar လိုမျိုး app တွေကို ဘေးတစ်ဖက်တစ်ချက်စီမှာ တစ်ပြိုင်နက်ထားပြီးသုံးနိုင်သလို အသုံးပြုတဲ့အခါမှာလည်း ချောမွေ့စွာနဲ့ အသုံးပြုနိုင်စေပါတယ်။ App တစ်ခုကိုပိတ်လိုတဲ့အခါမှာ app ကို ထိပ်ပိုင်းကနေ အောက်ပိုင်းသို့ drag လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ Desktop အပိုင်းတွင် ငါးပုံစံ background ကိုဖယ်ရှားထားတဲ့အတွက် ကိုယ်ပိုင် Desktop mode background များကို ရွေးချယ်ပြုလုပ်ထားနိုင် မှာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်ဘယ်အောက်ထောင့်မှာရှိတဲ့ Start ခလုတ်ကိုလည်း ဖယ်ရှားထားပါတယ်။

Windows 8 မှာကောင်းမွန်တဲ့ log-on option များကို ထောက်ပံ့ပေးထားပါတယ်။ အသုံးပြုသူအနေနဲ့ local account တစ်ခုဖန်တီးအသုံးပြုနိုင်ပေမယ့် Microsoft account နဲ့အသုံးပြုတဲ့အခါမှာတော့ ပိုမိုအသုံးတည့်စေတာကို တွေ့ရပါတယ်။ Windows 8 ကွန်ပျူတာမှာ Microsoft account နဲ့ log in လုပ်တဲ့အခါမှာ ၎င်း account နဲ့အသုံးပြုထားတဲ့ Windows 8 ကွန်ပျူတာများပေါ်က background settings, address book, IE10 history, bookmarks နဲ့ passwords တို့အပြင် Facebook, Twitter, e-mail နဲ့ instant messaging တို့မှ အချက်အလက်များနဲ့ setting များကို synchronize ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ App Syncing ကို Windows Store နဲ့အသုံးပြုနိုင်အောင် စီစဉ်ထားပြီး ဖိုင်များကို sync ပြုလုပ်ခြင်းအတွက် SkyDrive ကို ပေါင်းစပ်ထည့်သွင်းပေးထားပါတယ်။

စွမ်းဆောင်ရည်ပိုင်းအနေနဲ့ဆိုရရင် Windows 8 ဟာလျင်မြန်ပြီး swipe လုပ်ရုံ၊ tap လုပ်ရုံနဲ့ အလိုရှိတဲ့နေရာကို ချက်ချင်းရောက်ရှိစေမှာဖြစ်ပါတယ်။ လျင်မြန်မှုရှိသလို တုံ့ပြန်မှုကလည်းကောင်းမွန်တဲ့အတွက် Windows 8 ကိုအသုံးပြုတဲ့အခါမှာ အခြားသော Windows ဗားရှင်းတွေနဲ့မတူတဲ့ Windows တစ်ခုအနေနဲ့ အသုံးပြုနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။

Windows 8 Editions များအကြောင်း

အားလုံး သိ့ကြတဲ့ အတိုင်း October 26 မှာ တရားဝင်ထွက်ရှိလာတော့မယ် Microsoft Windows 8 ရဲ့ Editions တွေအကြောင်းကို ကျွန်တော် မျှဝေချင်ပါတယ်။ ကျန်ခဲ့တဲ့ Windows 7 ကို လုံးဝ အလန်းဇယားကြီး ပြောင်းလဲထားတဲ့ Windows 8 ကို စောင့်မျှော်နေကြတဲ့ လူတွေက ကျွန်တော်အပါအ၀င် တကမ္ဘာလုံးမှာ ဘယ်လောက်တောင် ရှိနိုင်မလဲ မသိ့ဘူး။ Windows 7 နဲ့ ပတ်သက်လို့ကတော့ ကျွန်တော် ဒီလင့်မှာ ရေးထားခဲ့ဖူးပါတယ်။ အခု တခါ Windows 8 နဲ့ ပါတ်သက်ပြီး Windows 8 Editions တွေအကြောင်းကို လေ့လာမိသလောက် ပြန်လည် ရေးသားလိုက်တာပါ။ windows 8 မှာ ဘယ်လို Editions တွေရှိတယ် ။ ဘာတွေပါလာတယ်ပေါ့။ ပထမဆုံး ပြောချင်တာကတော့ ခင်ဗျားဟာ ပညာရှင် တစ်ယောက်ဖြစ်နေခဲ့ရင် ဒီ post ကို ကျော်ဖတ်သွားလိုက်ဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လေ့လာမိသလောက် အနည်းငယ် ပြန်လည် မျှဝေပေးခြင်း သက်သက်ပါ။ တစုံတခု အမှားအယွင်းတွေ ပါခဲ့ရင် နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်။

Microsoft Windows 8 မှာဆိုရင် ကျွန်တော်လေ့လာမိသလောက် Editions (4) မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။
Windows 8 Editions (4) မျိုး
(1) Windows 8
(2) Windows 8 Pro
(3) Windows 8 Enterprise
(4) Windows 8 RT

Windows 8
ပထမဆုံး Windows 8 ဆိုတဲ့ Basics Edition ကတော့ x86 (32bits) နဲ့ x64(64bits) architecture အတွက် အခြေခံကျတဲ့ အက်ဒီရှင်း တစ်ခု ဖြစ်ပါတယ်။ Windows 8 မှာ အခြေခံကျတဲ့ အသစ်အသစ်သော အရာတွေ ထည့်သွင်းပေးထားပါတယ်။ အဲဒီမှာ ဘာတွေ ပါလာသလဲ ဆိုတော့ start screen with semantic zoom, live tiles, Windows Store, Internet Explorer 10, connected standby, Microsoft account integration, the Windows desktop စသည်ဖြင့် ပါဝင်လာပါတယ်။

Windows 8 Pro
Windows 8 Pro ဆိုရင်တော့ Windows 7 Professional နဲ့ Ultimate Editions နှစ်မျိုးစလုံးမှာ ပါဝင်တဲ့ အရာတွေ အကုန်လုံး ပါဝင်ပါတယ်။ ဒီ Editions နှစ်မျိုးစလုံးကို ကျော်လွန်ပြီး အောင်မြင်စွာ ထုတ်လုပ်ထားတယ်လို့လဲ ဆိုပါတယ်။ Windows 8 Pro ကို နည်းပညာ စိတ်ဝင်စားတဲ့ သူတွေနဲ့ Business Users တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ no (1) က Windows 8 မှာ ပါဝင်တဲ့ Feature တွေအကုန်လုံး ပါဝင်ပါတယ်။ နောက်ထပ် aditional Features တွေအနေနဲ့ကတော့ Remote Desktop server, the ability to participate in a Windows Server domain, Encrypting File System, Hyper-V, and Virtual Hard Disk Booting, Group Policy , BitLocker နဲ့ BitLocker To Go စသည်ဖြင့် ပါဝင်လာခဲ့ပါတယ်။

Windows 8 Enterprise
Windows 8 enterprise မှာဆိုရင်တော့ windows 8 နဲ့ windows 8 pro ရဲ့ feature တွေအပြင် တခြား IT Organization တွေကို အထောက်အကူပြုစေမဲ့ feature တွေလဲ ပါဝင်လာခဲ့ပါတယ်။ ဒီ Edition ဟာ Software Customer တွေနဲ့ MSDN (Microsoft Developer Network) တွေအတွက် အထူး သင့်တော်တယ်လို့ ဆိုပါတယ်။

Windows 8 RT
Windows RT ဆိုတာကလဲ ARM နည်းပညာကို အခြေခံတဲ့ Tablet လို Device မျိုးတွေအတွက်သာ သင့်လျှော်ပါတယ်။ ARM ဆိုတာက microsoft က windows 8 ကိုစပြီး introduction လုပ်တဲ့ အခါမှာ window runtime development အတွက် အမည်ပေးခဲ့တာပါ။ ARM ရဲ့ အသေးစိတ်ကို လေ့လာကြည့်ချင်တဲ့ ဆိုရင်တော့ ဒီလင့်မှာ သွားပြီး လေ့လာကြည့်လိုက်ပါ။ နောက်တခု အနေနဲ့ Windows RT မှာဆိုရင် device encryption စွမ်းဆောင်ရည်လည်း ပါဝင်ပါတယ်။ serveral business-focused features တွေဖြစ်တဲ့ group policy တို့လိုမျိုး feature တွေလဲ ပါဝင်လာပါတယ်။ centrilized network တွေအတွက်တော့ domain ကို support မလုပ်ဖူးဗျ။

Windows 8 ရဲ့ အားလုံးသော အက်ဒီးရှင်းတွေမှာ ဘာသာစကား တော်တော်စုံစုံလင်လင်ကို အသုံးပြုနိုင်ပါတယ်။
လက်ရှိ Windows 7 အသုံးပြုနေတဲ့ သူတွေအတွက် windows 8 ကို update လုပ်ပြီး အသုံးပြုချင်တယ် ဆိုရင်တော့ Windows 7 x86 (32bits) version ကို အသုံးပြုထားတဲ့ user တွေ အနေနဲ့ windows 8 x86 (32bits) ကိုသာ Update လုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲလိုပဲ windows 7 x64 (64bits) version ကို အသုံးပြုထားတဲ့ user တွေအတွက်လဲ windows 8 x64 (64bits) version ကိုသာလျှင် update လုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Windows RT ကတော့ ARM Architecture (windows 7 တွင် support မလုပ်ပါ) အတွက်သာ သီးသန့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Windows 7 ကနေ windows 8 ကို update လုပ်တာနဲ့ ပါတ်သက်လို့ အောက်မှာ ကျွန်တော်ပြထားတဲ့ ပုံကို လေ့လာကြည့်လိုက်ပါ။

Windows 8 အကြောင်း သိကောင်းစရာ


Microsoft ကနေပြီးတော့ Windows 7 ထက်ပို၍ update ဖြစ်သော Windows 8 developer
review version ကို 2011 Customer Electronic show တွင် ပထမဦးဆုံးပွဲထုတ်ခဲ.ပါတယ်။ နောက်ဆုံး version ဖြစ်တဲ. Windows 8 Consumer Preview ကို microsoft က 29 February 2012 နေ.တွင် မိတ်ဆက်ပြသခဲ.ပါတယ်။Windows 8 ကို metro-style interface ဖြင့် ပုံဖော်ထားပြီး touchscreen, mouse, keyboard, pen input တို့ဖြင့် လွယ်ကူစွာ အသုံးပြု နိုင်မည် ဖြစ်ပါသည်။Windows 8 ဟာ Intel , AMD တို. ရဲ. microprocessors များတွင် သာမက ARM mobile processor architecture များတွင်ပါ အသုံးပြု နိုင်ပါသည်။ Window server 8 ကို Server version အနေနဲ. ဖြင့်လည်း ထွက် ရှိခဲ.ပါတယ်။



Windows 8 ၏ Minimum System Requirement
Microsoft ကနေပြီးတော့ Windows 8 ကိုလည်း Windows 7 အတိုင်း minimum requirement ကို တက်နိုင်သမျှ အနည်းဆုံးဖြင့် ပွဲထုတ်ခဲ.ပါတယ်။ Windows 8 ၏ minimum requirement တွေကတော့အောက်ပါအတိုင်း ဖြစ်ပါတယ်။၎င်းတို့ကတော့-
• 1 GHz or faster 32-bit (x86) or 64-bit (x64) processor
• 1 GB RAM (32-bit) or 2 GB RAM (64-bit)
• 16 GB available hard disk space (32-bit) or 20 GB (64-bit)
• DirectX 9 graphics device with WDDM 1.0 or higher driver
• Taking advantage of touch input requires a screen that supports multi-touch တို့ဖြစ်ကြပါတယ်။


Metro User Interface
Windows 8 က အရင်ကထွက်ဖူးတဲ. Windows operating system များနဲ. မတူဘဲ Metro interface ဖြင့် ပွဲထုတ်ခဲ့ပါတယ်။Windows ကို logon ၀င်လိုက်သည်. နှင်. တစ်ပြိုင်နက် Metro user interface အနေဖြင့် တွေ.မြင် ရမှာဖြစ်ပါတယ်။ Metro interface ဆိုသည်မှာ- လေးထောင့်ပုံစံအတုံး icons ကလေးများ (Tile based interface) ဖြင့်ဖွဲ.စည်း ထားခြင်းကို ဆိုလိုပါသည်။ Metro interface ကို အသုံးပြုရခြင်း၏ အဓိက ရည်ရွယ်ချက်ကတော့ user များအနေဖြင့် Windows 8 ကို အသုံးပြုရာတွင် ရိုးရိုးရှင်းရှင်းနဲ. လျှင်လျှင်မြန်မြန် အသုံးပြု နိုင်စေရန် ပင်ဖြစ်ပါသည်။

Windows 8 ၏ Task Manager အကြောင်း
Windows 8 ရဲ. Task Manager ကိုတော့ အရင်ထွက်ရှိခဲ.တဲ. windows တွေရဲ. Task manager နဲ.မတူဘဲ လွယ်ကူ ရိုးရှင်းစွာ ဖြင့် design ဆွဲထားပါတယ်။အောက်ဘက်ရှိ ပုံတွင် Windows 8 ရဲ့ Task Manager ကိုဖော်ပြထားပါ သည်။



Windows 8 ၏ Cloud စနစ်အကြောင်း
Windows 8 မှာ Cloud စနစ်ကို build in အနေနဲ့ ပါဝင်ပါတယ်။ထိုကဲ့သို့ပါဝင်မှု့ဟာ Microsoft ရဲ. SkyDrive cloud storage က running Windows 8 run ထားတဲ. tablets, PCs နဲ.phones တွေကို မြန်မြန်ဆန်ဆန် နဲ. သင်.ရဲ. personalization, desktop background settings Data တွေ ကို access လုပ်နိုင်အောင် ထောက်ပံပေးမှာ ဖြစ်ပါတယ်။


Windows 8 ၏ power usage အကြောင်း
Windows 8 မှာဆိုရင် Power အသုံးပြုမှု့ ဟာလည်း တခြား windows အဟောင်းများ ထက်လျော.နည်းပြီး data တွေရဲ့ transfer နှုန်းလဲ ပိုမိုမြန်လာပါတယ်။ Windows TO GO Windows 8 ကို မိမိ ၏ USB device (such as a flash drive) ပေါ်တွင်လည်း တင်ထားနိုင်ပြီး portable window သဖွယ် လည်း အသုံးပြုနိုင်ပါသည်။


Windows 8 may be 128 bit
Windows 8 က 128 bit processor တွေကို ထောက်ပံပေးနိုင်သော ပထမဦးဆုံး operating System တစ်ခုဖြစ်ပါသည်။Window 8 128bit iso တွေ ကို အောက်ဖော်ပြပါ link မှာ download ယူနိုင်ပါတယ်။
http://www.forumswindows8.com/windows-8-download/
Windows 8 ၏ မြန်မာစနစ်အကြောင်း
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစနစ် တရားဝင် ပါလာမည်ဖြစ်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင် အထည်ဖော်ရေး အဖွဲ့(Myanmar NLP Lab) မှ၂၀၁၁ စက်တင်ဘာလ ၂၀ ရက်နေ့ တွင် သတင်း ထုတ်ပြန်ခဲ့သည်။Windows 8 ၌ပါဝင်လာမည့် မြန်မာစာစနစ်မှာ ယူနီကုဒ်စံကို အတိအကျ လိုက်နာထားသည့် မြန်မာဖောင့်ဖြစ်ပြီး ဖောင့်အမည်မှာ Mya-nmar Text Regular ဖြစ်ကြောင်း သိရှိရပါသည်။



Internet Explorer 10
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာ စနစ်တွင် ပါဝင်သော IE 10 ဟာ အသစ်အသစ်သော programming language များဖြစ်သော HTML5, CSS3 နှင့် more powerful web application တွေကိုအထောက်အပံပေးနိုင်ပါသည်။


Virtualization
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာ စနစ်တွင် virtualization အတွက် Hyper-V ကို ထည်.သွင်း ပေး ထား ပါသည်။Hyper-V ကို default အနေနဲ.ဖြင့် တော့ တွေ.ရမည် မဟုတ်ပါ။ထို့ကြောင့် ရှေးဦးစွာ install ပြုလုပ်ပေးရမည် ဖြစ်ပါသည်။Install လုပ်ရန်မှာ- Control Panel\Programs\Programs and Features\Turn Windows features on or off မှာ hyper-v ကို install လုပ်ရမည်ဖြစ်ပါသည်။ Windows 8 Hyper-v အနိမ်.ဆုံး system လိုအပ်ချက်တွေကတော့
• 64-bit version of Windows 8
• 64-bit processor နှင့်
• 4 GB of RAM တို့ဖြစ်ပါသည်။
အထက်တွင် Microsoft ၏ Window 8 အကြောင်းသိကောင်းစရာကို ဖော်ပြထားပြီး ဖြစ်ပါသည်။ ဆက်လက်၍ ဖော်ပြသွားမည် ဖြစ်ပါသည်။

11/5/12

Windows 8 တွင် picture password တစ်ခု ဖန်တီးခြင်း

ဒီနည်းလမ်းကို အသုံးပြုနိုင်ရန်အတွက် Windows 8 Pictures folder မှာ အနည်းဆုံး ဓာတ်ပုံ တစ်ပုံ လိုအပ်ပါတယ်။ ထို့နောက် ရွေးချယ်ထားတဲ့ ဓာတ်ပုံပေါ်မှာ စက်ဝိုင်းများဆွဲခြင်း၊ မျဉ်းကြောင်းများဆွဲခြင်း ဒါမှမဟုတ် နေရာ သုံးနေရာမှာ tap လုပ်ခြင်းဖြင့် လုံခြုံရေးစနစ်တစ်ခု ဖန်တီးပြုလုပ်နိုင်ပါတယ်။ Log in လုပ်တဲ့အခါမှာလည်း အဆိုပါ gesture များအတိုင်း ပြန် လည်ပြုလုပ်ရမှာပါ။ ဒါကြောင့် Windows 8 မှာ picture password တစ်ခုဖန်တီးပုံ အဆင့်ဆင့်ကို ဖော်ပြလိုက်ပါတယ်။

(၁) PC Settings screen ရှိ Sign-in option မှ Create a picture password ခလုတ်ကိုနှိပ်ပါ။ အသုံးပြုသူ ရဲ့ account ကိုအတည်ပြုရန်အတွက် လက်ရှိအသုံးပြုနေတဲ့ text password ကို ရိုက်ထည့်ပါ။

(၂) “Welcome to picture password” screen ပေါ်လာတဲ့အခါမှာ မတူညီတဲ့ gesture များနဲ့ picture password တစ်ခု ဖန်တီးပုံကို ရှင်းပြပါလိမ့်မယ်။

(၃) ဘယ်ဘက် pane မှာရှိတဲ့ Choose picture button ကိုနှိပ်ပါ။ ဓာတ်ပုံများကိုဖော်ပြပေးမယ့် Pictures folder ပေါ်လာပါလိမ့်မယ်။ Password အနေနဲ့ အသုံးပြုလိုတဲ့ ဓာတ်ပုံကိုနှိပ်ပါ။ ထို့နောက် ဘယ်ဘက်အောက် ထောင့်မှာရှိတဲ့ Open ခလုတ်ကို နှိပ်ပါ။

(၄) ဓာတ်ပုံရဲ့ အရွယ်အစားပေါ် မူတည်ပြီး ပုံရဲ့ အနေအထားကို ပြင်ဆင်နိုင်ပါတယ်။ အနေအထားကို ကြိုက်နှစ်သက်တဲ့အခါမှာ Use this picture ခလုတ်ကို နှိပ်ပါ။

(၅) “Set up your gestures” screen ပေါ်လာတဲ့အခါမှာ ပထမ gesture, ဒုတိယ gesture နဲ့ တတိယ gesture တို့ကို ဖန်တီးပါ။ ထို့နောက် “Confirm your gestures” screen မှာ အဆိုပါ gesture သုံးမျိုးကို ပြန်လည် ပြုလုပ်ပါ။ တူညီအောင် ပြုလုပ်နိုင်ပါက picture password တစ်ခု ဖန်တီးပြုလုပ်မှု အောင်မြင်စွာ ပြုလုပ်နိုင်မှာဖြစ်ပြီး မတူညီရင်တော့ ထပ်မံပြုလုပ်ဖို့ လိုမှာဖြစ်ပါတယ်။ ထို့နောက် Finish ခလုတ်ကို နှိပ်ပါ။

(၆) Windows ခလုတ်ကိုနှိပ်ပြီး Start Screen သို့ ပြန်သွားပါ။ ညာဘက်အပေါ်ထောင့်ရှိ account အမည်နဲ့ ဓာတ်ပုံကိုနှိပ်ပြီး menu မှ Sign out ကို ရွေးပါ။

(၇) Log in ပြန်လုပ်တဲ့အခါမှာ picture password ကို တွေ့ရမှာဖြစ်ပါတယ်။ အဆင့် (၅) မှာ ဖန်တီးထားတဲ့ gesture သုံးခုကို ရေးဆွဲပြီး Sign in လုပ်ပါ။ မှန်ကန်စွာ ရေးဆွဲနိုင်တဲ့အခါမှာ Start screen သို့ရောက်သွားမှာ ဖြစ်ပါတယ်။ မှန်ကန်ခြင်းမရှိပါက ပြန်လည်ရေးဆွဲခြင်း ဒါမှမဟုတ် text password ကို အသုံးပြုခြင်းဖြင့် log in ပြုလုပ်နိုင်ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management