IP
Showing posts with label မြန်မာ E.BOOK များ. Show all posts
Showing posts with label မြန်မာ E.BOOK များ. Show all posts

1/6/13

All China Mobiles Secrt Codes

Android ဖုန်းတွေအတွက် လျှို့ဝှက်ကုဒ်နံပါတ တွေကတော့
တော်တော်များများ သိကြပါတယ်...
အခုကုဒ်တွေက်တော့ Android ဖုန်းမဟုတ်တဲ့ မော်စီ(တရုပ်)ဖုန်း ရိုးရိုးဖုန်းလေးတွေအတွက် လျှို့ဝှက်ကုဒ်
များကိုတင်ပေးလိုက်ပါတယ်။။။ ဖုန်းအကြောင်း လေ့လာနေသူတွေ နဲ့ ဖုန်းပြင်နေသူများအတွက် အသုံးဝင်နိုင်တဲ့ကုဒ်တွေဖြစ်ပါတယ်

10/5/12

Teach Yourself Visual C++ (မြန်မာလို)


စာအုပ်အမည် - Teach Yourself Visual C++

ရေးသားသူ - ဦးအောင်မြင့်

Using Laptop Windows 7 Professional Version (မြန်မာလို)


စာအုပ်အမည် - Using Laptop Windows 7 Professional Version

ရေးသားသူ - ဦးအောင်မြင့်



3/30/12

Basic Andorid (မြန်မာ E.book)

ဒီစာအုပ်လေး ကတော့ အခု မိုလ်ဘိုင်း ဖုန်းတွေ မှာ ( Samsung , Htc , Imobile....) အစရှိ သည့်ဖုန်းတွေမှာ နာမည်အတော်ကြီး နေတဲ့ Application များကို အလွယ်တကူထည့် သွင်းရာတွင်အသုံး ပြုသည့် စနစ်လေးပဲဖြစ်ပါတယ် ။။။။။။။။။

သယ်ရင်းတို့ လိုအပ်ရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ ခင်ဗျာ
အဆင်ပြေနိုင်ကြပါစေခင်ဗျာ

3/9/12

Lap Top ပြုပြင်ထိမ်းသိန်း (မြန်မာ)


ဒါကတော့ laptop ပြုပြင်နည်းနှင့်သိသင့်စရာများ ဆိုတဲ့ စာအုပ်ကလေးပါ . သန်းထိုက်(ရွှေရိပ်)ရေးထားတာပါ. laptop နဲ့ desktop က သဘောတရားချင်း တူတယ်လို့ ဆိုပေမယ့် တည်ဆောက်ပုံချင်း နည်းနည်းလေး ကွဲပါတယ်. desktop ကကျတော့ ကျယ်ပြန့်တဲ့ casing ပုံးခွံထဲမှာ ထည့်ပြီး ပေါ့ပေါ့ပါးပါး သုံးလို့ရပေမယ့်. laptop ကျတော့ တစ်လက်မလောက်သာသာပဲ ရှိတဲ့ laptop အခွံထဲမှာ အားလုံး ပြွတ်သိပ်ပြီး ကွန်ပျူတာတစ်လုံးဖြစ်လာအောင် တပ်ဆင်ထားရတာ တစ်ကယ်တော့ မလွယ်ပါဘူး. desktop သမားများက (၂)နှစ် (၃)နှစ်လောက် ဖုံတက်ချင်တက်ဆိုပြီး ပစ်ထားပေမယ့် ပုံးကကျယ်တော့ လေ၀င်လေထွက်ကောင်းတယ်လေ. speed သိပ်ပြီး သိသိသာသာမကျဘူး. laptop ကျတော့ ၃ နှစ်လောက်လဲ ပစ်ထားမယ်. သန့်ရှင်းရေးလဲမလုပ်ဘူး. ဖြစ်သလိုသုံးမယ်ဆိုရင်တော့ speed သိသိသာသာကျပြီး laptop က ထွက်တဲ့ အပူချိန်ကလဲ သိသိသာသာ မြင့်တက်လာမှာဖြစ်ပါတယ်. ပြောတာနဲ့ ဘယ်ရောက်သွားမှန်း မသိတော့ဘူး. ဒီစာအုပ်ကလေးကို ဖတ်ပါ. သိသင့်တာလေးတွေ သိလာပါလိမ့်မယ်. လိုချင်ရင်အောက်မှာ Download လုပ်လိုက်ပါ.

Computer Service သမားများအတွက် (မြန်မာ)


ဒါကတော့ ဦးဇော်လင်း ရေးထားတဲ့ Pc Mechanic ဆိုတဲ့ စာအုပ်ပါ. Hardware သမားများအတွက် ဖြစ်ပါတယ်. ကွန်ပျူတာ တစ်လုံး တစ်စုံတစ်ရာ တစ်ခုခုဖြစ်ပြီ ဆိုရင် (တစ်နည်းအားဖြင့် ပျက်ပြီဆိုရင်) ဘာ့ကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ ကို ဖြစ်နိုင်ခြေတွေကို စဉ်ခြင်သုံးသပ်ရပါတယ်. ဒီစာအုပ်ကလေး မှာ ဖြစ်နိုင်ခြေတွေကို အခြေခံ သုံးသပ်တတ်အောင်လို့ ရေးပေးထား ပါတယ်. ဖြစ်နိုင်ခြေ အများဆုံးကို အရင်ဆုံးအဖြေရှာရမှာ ဖြစ်ပါတယ်. ဟိုဟာ ဟုတ်နိုးနိုး ဒီဟာဟုတ်နိုးနိုးနဲ့ စမ်းနေလို့ကတော့ တစ်ပတ်နေလဲ ကွန်ပျူတာရဲ့ ပျက်တာရဲ့ အဖြေကို သိရမှာ မဟုတ်ပါဘူး. အဲ့တော့ ကွန်ပျူတာ ပြင်မယ် service သမား တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်ထဲက အကြောင်းအရာတွေကို မဖြစ်မနေ သိထားရမှာ ဖြစ်ပါတယ်. စက်တစ်လုံးကို မီးပလပ်ထိုးပြီးတော့ ဖွင့်ကြည့်လိုက်တာနဲ့ အနည်းဆုံး ဖြစ်နိုင်ခြေ သုံးမျိုးလောက်ကို တန်းသိရပါမယ်. ဒီလိုသိနိုင်အောင်လဲ ဖြစ်နိုင်ခြေ ပြဿနာတွေကို လေ့လာထားရပါ့မယ်. မဟုတ်ရင် customar ရှေ့မှာ အထင်သေး ခံရတတ်မယ်မယ့်အပြင် အလုပ်ကိုလဲ နှောင့်နှေးစေပါတယ်. အဓိကပြောချင်တာကတော့ မိမိကိုယ်ကိုယ် service သမားလို့မှ ခံယူထားတယ်ဆိုရင်တော့ ဒီစာအုပ်လေးကို မဖြစ်မနေ ဖတ်ပေးပါလို့ တိုက်တွန်းချင်ပါတယ်. လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ.

mirrorcreator | ifile.it | mediafire | zshare | ziddu | Megaupload

ကွန်ပျူတာပြသနာ ဖြေရှင်း (မြန်မာ)


ဆောင်း စာအုပ်လေးတစ်အုပ်ကို ဝေမျှပေးချင် ပါတယ်။ ဒီစာအုပ်လေးက ကွန်ပျူတာ သမားတိုင်း မဖြစ်မနေ ကြုံတွေ့ကြုံရတဲ့ ပြဿနာ များကို ဖြေရှင်းထားပေးတဲ့ စာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်. စာအုပ်ပြုစုသူ ကတော့ ဆရာဥာဏ်ကြွယ်ပါ . လိုအပ်ရင် အောက်မှာ Download လုပ်ယူလိုက်ပါနော် ...

အကောင်းဆုံး VIRUS ကာကွယ် (မြန်မာ)


ဒါကတော့ ကွန်ပျူတာ တစ်လုံးကို virus ဘယ်လို ၀င်ရောက်နိုင်တယ်။ ဘယ်လို virus တွေကို ကာကွယ်ရမယ် ဆိုတာကို ရှင်းပြထားတဲ့ စာအုပ်ကလေးပါ. ဆရာဦးအေးကို ရေးထားတာပါ. အရမ်းကိုကောင်းပါတယ်. ကွန်ပျူတာ သမားတိုင်း program တိုင်းနဲ့ မရင်းနှီးနိုင်ပေမယ့် virus တိုင်းလိုလိုနဲ့တော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပတ်သက်နေရမှာ ဖြစ်ပါတယ်. အင်တာနက်သုံးတဲ့ သူတိုင်းကိုမှ virus မိတာ မဟုတ်ပါဘူ. အင်တာနက်မသုံးပဲ flash drive တွေ external HDD တွေ၊ တစ်ချို့ VCD (or) DVD တွေကနေ တစ်ဆင့် မှလည်း virus ၀င်နိုင်ပါတယ်. အဲ့ဒီ့အတွက်ကြောင့် ဒီစာအုပ်ကလေးကိုတော့ မဖြစ်မနေ Download လုပ်ထားဖို့ တိုက်တွန်းလိုပါတယ်. အားလုံးအဆင်ပြေမယ်ဆိုရင် ကျွန်တော် ပင်ပန်းရကြိုးနပ်ပါတယ်.

Mirrorcreator | ifile.it | mediafire | zshare | ziddu | megaupload

Java သင်ခန်းစာများ(မြန်မာ)


java programming အကြောင်းကို ရေးထားတာပါ. သဘောတရားတွေကို အဓိကထားပြီး အခြေခံပိုင်းရေးထားတာ ဖြစ်တဲ့အတွက် ဒီစာအုပ် ကို လေ့ လာခြင်း အားဖြင့် တစ်ခြား programming အကြောင်းများကိုပါ အလိုလို နားလည်သွားမှာ ဖြစ်ပါတယ်. ဘယ် programming ကိုပဲ လေ့လာလေ့လာ အခြေခံသဘောတရားချင်းကတော့ အတူတူပါပဲ. သိပ်မကွာပါဘူး. အဲ့ဒါကြောင့်မို့ programming အကြောင်း လေ့လာမယ် ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ စာအုပ်ကို မဖြစ်မနေ ဖတ်ရှု့သင့်ပါတယ်လို့ အကြံဥာဏ်ပေးချင်ပါတယ်. ဒီစာအုပ်ကလေးကို ကိုယ်ချင်းစာသူ ထံမှ မေးလ်ဖြင့်ရရှိထားသော စာအုပ်ဖြစ်ပါတယ်. ကိုယ်ချင်းစာသူကို ကျေးဇူးတင်ပါ တယ်. နောက်လဲ မြန်မာ လို ရေးထားတဲ့ နည်းပညာစာအုပ်များ အခုလိုပဲ မျှဝေပေးနိုင်ပါစေဗျာ. လိုချင်တဲ့သူများ အောက်မှာ Downloaed လုပ်ယူလိုက်ပါ. မြန်မာပြည်မှာ ပိတ်ထားတဲ့ ၀ဘ်ဆိုက်များကို ပြန်ဖွင့်ပေးနေပြီလို့ သတင်း ကြားပါတယ်.ဒါဟာ တစ်ကယ့်ကို ၀မ်းသာစရာကောင်းတဲ့ မင်္ဂလာသတင်းပါ. ကျွန်တော်ကတော့ အတော်လေးကို ၀မ်းသာပါတယ် ဒီသတင်းကိုကြားလိုက်ရတော့ အတိုင်းမသိပဲ.

Download mirrorcreator | ifile.it | mediafire | zshare | ziddu

Window Server 2008 (မြန်မာ)


တော်တော်များများ မျှော်နေတဲ့ စာအုပ်လေးပါ. အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. ဒီနေ့တော့ ဒီစာအုပ်တစ်အုပ်ပဲ တင်ပေးနိုင်တော့မယ်. နေမကောင်းဘူးဗျာ. ညတုန်းက တစ်ညလုံး အန်နေတာ. အစာအိမ်ဖြစ်မယ် ထင်တယ်. ထိုင်းမှာက ထိုင်းစကားမတတ်တော့ အင်္ဂလိပ်လိုပြောတယ်. ထိုင်းက nurse မတွေကလဲ တော်လိုက်တာ ဆိုတော့ ပြောမနေနဲ့ တစ်လုံးမ မတတ်ဘူး. အဲ့ဒါနဲ့ ဆရာဝန်နဲ့ သွားတွေ့လိုက်တယ်. ဆရာဝန်ကလဲ တစ်လုံးစ နှစ်လုံးစပဲ ပြန်ပြောနိုင်တယ်. လုံးစေ့ပတ်စေ့ မရှင်းပြနိုင်ဘူး. အစာမာမစားနဲ့ ဆန်ပြုတ်ပဲ သောက် ဒါလောက်ပဲ ပြောလိုက်တယ်. စိတ်ပိန်တယ်ဗျာ. ကဲကဲ အားလုံးပဲ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Download mirrorcreator | ifile.it | Mediafire | ziddu | zshare

Microsoft Access 2002 (ကွန်ပြူတာလက်စွဲ)



Microsoft Access 2002 အကြောင်းကို လေ့လာချင်သူများ အတွက် တင်ပေး လိုက်တာပါ . အားလုံးအဆင်ပြေ ကြမယ်လို့ မျှော်လင့်ပါတယ် .. မြန်မာလိုရေးထားတဲ့ စာအုပ်လေးပါ .
(ဘာ့ကြောင့် rapidshare လင့်တွေကို တင်ထားရတာလဲ ဆိုတာကို ပြောပြချင် ပါတယ် . ညီလေးတစ်ယောက်က ပြောထားတာတွေ့လို့ပါ . လူတိုင်းက ဘာ့ကြောင့် rapidshare ကို မစွန့်လွှတ်နိုင်ရတာလဲဆိုရင် .....
၁-Download ဆွဲတဲ့နေရာမှ Premium အကောင့်နဲ့ဆို အရမ်းမြန်ပါတယ်
၂- Premium အကောင့်နဲ့ ဖိုင်တင်ထားရင် အဲ့ဒီ့ဖိုင်ဟာ တစ်ခြားလင့်တွေမှာတင်သလို ရက်အကန့်အသတ်မရှိပါဘူး .. ဖိုင်ကို ကိုက မဖျက်သမျှ link ဘယ်တော့မှ မသေပါဘူး ..
အဓိကက Link မသေလို့ တင်ထားပေးတာအပြင် . မြန်မာနိုင်ငံက မဟုတ်တဲ့သူတွေအတွက် download လုပ်လို့ရအောင် တင်ထားပေးတာပါ . ကျွန်တော့် သူငယ်ချင်းတွေအကုန်လုံးက မြန်မာပြည် ကချည်းမဟုတ်ပါဘူး . တစ်ခြားနိုင်ငံတွေ ကလူတွေလဲပါပါတယ် . အဲ့ဒါကြောင့်ပါ .

Download ifile.itDownload rapidshareDownload 4sharedDownload megauploadDownload mediafire

2/23/12

Adobe PageMaker 7.0 (အသုံးပြုနည်း) မြန်မာ


Pagemaker ကတော့ ဒီဇိုင်းလုပ်သူတိုင်း၊ ဂျာနယ်ဒီဇိုင်းဆွဲသူတိုင်း၊ စာစီစာရိုက်လုပ်နေသူတိုင်း မသိတဲ့သူမရှိသလောက်ကို ရှားပါတယ် . အခုက pagemaker အသုံးပြုပုံအသုံးပြုနည်းကို အသေးစိတ်ရေးသားထားတဲ့ စာအုပ်လေးကို ရှယ်ပေးလိုက်ပါတယ် . အဆင်ပြေနိုင်ကြပါစေဗျာ ..



Download ifile.itDownload mediafireDownload 4sharedDownload rapidshareDownload megaupload

PHPBB (ဖိုရမ် တည်ဆောက်နည်း) မြန်မာ




ကိုယ်ပိုင် ဖိုရမ် တစ်ခုတည်ဆောက်ခြင်းကို ကိုဖိုးလပြည့်ရေးပေးထားတဲ့ မူရင်းအတိုင်း ပြန်တင်ပေးလိုက်ပါတယ် .. မြန်မာလိုရေးထားတာ ဖြစ်တဲ့အတွက် အားလုံးပဲ လုပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် . စိတ်ဝင်စားသူများအတွက်ပါ ..


Download ifile.itDownload megauploadDownload rapidshareDownload 4shared Download mediafire

Mail Server ပြုလုပ်နည်းနှင့် အသုံးပြုပုံ (မြန်မာ)


email server ကို ဘယ်လိုပြုလုပ်ရမယ်၊ ဘယ်လိုအသုံးပြုရမယ် ဆိုတာကို ဓါတ်ပုံတွေနှင့် ရှင်းပြထားသော စာအုပ်လေးဖြစ်ပါတယ် . ဘယ်သူရေးထားတယ် ဆိုတာတော့ မသိပါဘူး.. လေ့လာချင်တယ် ဖတ်ချင်တယ်ဆိုရင်တော့ အောက်မှာ သွားပြီး Download လုပ်လိုက်ပါ ..E-mail သည် Electronic Mail ဖြစ်ပြီး IT နယ်ပယ်တွင်သာမက Internet ပေါ်မှာပါ ဆက်သွယ်ရေးစာတိုက်ပုံးအဖြစ် တွင်ကျယ်စွာ အသုံးပြုနေကြပါသည်။

Internet Facility များထဲတွင် အသုံးအများဆုံးနှင့် ရေပန်းအစားဆုံး ၀န်ဆောင်မှုဖြစ်ပါတယ် .. အခြားသော ဆက်သွယ်ရေးနည်းပညာများနှင့် နှိုင်းယှဉ်ပါက online ဖြစ်သဖြင့် ချက်ခြင်းပို့လွှတ်ခြင်း (သို့) လက်ခံရယူခြင်းများ ဆောက်ရွက်နိုင်ခြင်း၊ တစ်ချိန်တည်း အကြောင်းအရာတစ်ခုအား လက်ခံမည့်သူအများအပြားပေးပို့နိုင်ခြင်း၊ စာများသာမက ရုပ်ပုံများကိုလည်း Attach လုပ်ပြီးပေးပို့နိုင်ခြင်း၊ မိမိလက်ခံရမည့် Email အား internet ချိတ်ဆက်ထားသော မည်သည့်နေရာတွင်ရှိ computer မှမဆို လက်ခံနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းများ သာလွန် ကောင်းမွန်ပါသည်။

Download ifile.itDownload mediafireDownload rapidshareDownload megauploadDownload 4share

2/21/12

ဆရာဦးဇော်လင်း ရေးသော ကွန်ပျူတာအကြောင်းအသေးစိတ် (မြန်မာ)


စာရေးသူ :>> ဆရာဦးဇော်လင်း (Youth Computer)
စာအုပ်အမည် :>> ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ ဆိုတဲ့ စာအုပ်လေးပါ ..

ကွန်ပျူတာအကြောင်း အသေးစိတ်သိလိုသူများအတွက်ပါ .. ဘယ်စာအုပ်ပဲဖြစ်ဖြစ် ကိုက သိသလိုလိုရှိပေမယ့် တစ်ကယ်ဖတ်ကြည့်မှ မသိသေးတဲ့ အကြောင်းတွေ ဖြစ်နေတတ်ပါတယ် . အောက်မှာ အဆင်ပြေတဲ့ Link ကနေ Download လုပ်ယူလိုက်ပါ ...



Download megauploadDownload ifile.itDownload rapidshareDownload mediafireDownload 4 shared

တစ်ချို့ဖိုင်တွေက passwrod တောင်းရင် www.nyinaymin.net ကိုသာဖြည့်လိုက်ပါ အဆင်ပြေပါလိမ့်မယ်

ဦးအေးကို B.A (Electronec) အကောင်းဆုံးကွန်ပျူတာပြုပြင်နည်း


ဦးအေးကိုကို B.E (Electronics)ရေးတဲ့ အကောင်းဆုံး ကွန်ပျူတာ ပြုပြင်ခြင်း အခြေခံနည်းစနစ်နှင့် တကယ့်လက်တွေ့ပြုပြင်ခြင်း မှတ်တမ်းများ ဆိုတဲ့ စာအုပ်ကလေးပါ .. အရမ်းကို တန်ဖိုးရှိပါတယ် . အခုတင်ပေးတဲ့ စာအုပ်တွေဟာ hardware ပိုင်းကို စိတ်ဝင်စားတဲ့ ညီအစ်ကိုမောင်နှစ်မများအတွက် ရည်ရွယ်ပါတယ် . ကျွန်တော်ကိုယ်တိုင်လဲ hardware ပိုင်းကို အရမ်းစိတ်ဝင်စားသလို တစ်ကယ်လဲ လက်တွေ့လုပ်ခဲ့ပါတယ် . အခုစာဖတ်တဲ့ သူငယ်ချင်းတွေထဲမှာတောင် ကျွန်တော်နဲ့ အပြင်မှာ တစ်ကယ် ပတ်သက်ခဲ့ဖူးတဲ့သူတွေ ရှိကောင်းရှိနေမှာပါ . နောက်ပိုင်း ကျွန်တော် hardware နဲ့ပတ်သက်ပြီး ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို ပြောပြသွားပါ့မယ်

အခုတော့ တင်ပေးထားတဲ့စာအုပ်လေးတွေကို အားပြုပြီး Download လုပ်သွားကြပါဦး . Hardware နဲ့ software ပိုင်းမှာ ဘယ်ဟာက ပိုခက်လဲလို့တော့ မမေးပါနဲ့ . နှစ်ခုလုံးဟာ ခက်ခဲကြတာပါပဲ . ကျွန်ပျူတာကို ဘယ်လိုကိုင်တွယ်မယ် . ဘယ်လိုပြဿနာတွေကို ဖြေရှင်းမယ်ဆိုတာဟာ ပုံသေနည်းမရှိသလို . တသမတ်တည်း မကျပါဘူး . ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ရတဲ့ အလုပ်တစ်ခုဟာ hardware ပါပဲ . ဒီစာအုပ်လေးကို လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ကြပါ .. ကျွန်တော့်ကို ခင်တယ်ဆိုတဲ့သူငယ်ချင်းများအားလုံး အခုအချိန်မှာ ကွန်ပျူတာ hardware ပဲဖြစ်ဖြစ် software ပိုင်းပဲဖြစ်ဖြစ် တစ်ကယ်ကို စိတ်ဝင်စားတယ်ဆိုတဲ့ ညီအစ်ကိုများ မေးမြန်းနိုင်သလို ကျွန်တော် အတတ်နိုင်ဆုံး ကူညီပေးသွားမှာပါ. လက်လှမ်းမှီ သလောက်ပေါ့ . ဒါပေမယ့် တစ်ခါတည်း စကားတစ်ခုတော့ ကြိုတင်ပြီး တောင်းပန် ထားချင်ပါတယ် . ကျွန်တော့်ကို ခင်တယ် ချစ်တယ်ဆိုရင် . ဘယ်တော့မှ hacking နဲ့ပတ်သက်တာတွေ မမေးဖို့နဲ့ . သူများမေးလ်တစ်ခုရဲ့ passward ကို ဘယ်လိုရယူရမလဲဆိုတဲ့ မေးခွန်းမျိုးကို မမေးဖို့ ကြိုပြီး တောင်းပန်ထားချင်ပါတယ် . တစ်ခြားပတ်သက်တာတွေ မေးနိုင်မြန်းနိုင်ပါတယ် . သူငယ်ချင်းတို့လိုပဲ တစ်ချိန်က chatting ဆိုတာကို စိတ်ဝင်စားခဲ့တယ် . ပျော်ခဲ့တယ် . အခုအချိန်မှာ ကျွန်တော့်စိတ်ကူးထဲမှာ ကွန်ပျူတာတိုးတက်ဖို့နဲ့ ဒီ့ထက်ကျွမ်းကျင်ဖို့ဆိုတဲ့ စိတ်ကူးတစ်ခုတည်းပဲ ရှိတော့တာပါ . သူငယ်ချင်းတို့လဲ တန်ဖိုးမရှိတဲ့ chatting မှာ တစ်နေ့လုံးထိုင်ပြီး စကားပြောနေတာတွေကို ရပ်တန့်ပြီး နည်းပညာပိုင်းတွေဘက်ကို လိုက်ပြီးလေ့လာလိုက်ပါ . တိုးတက်လာပါလိမ့်မယ် . အချိန်မှီပါသေးတယ် . နည်းပညာဆိုတာ ပြီးပြည့်စုံသွားတယ်ဆိုတာ မရှိသလို . ပြီးစီးသွားတယ်ဆိုတာလဲ မရှိပါဘူး ..

Download ifile.itDownload megauploadDownload mediafireDownload rapidshareDownload 4shared

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management