ဒီကောင်လေးကတော့ google chrome မှအသုံးသန်တဲ့သူတွေအတွက်ပါ အသုံးဝင်ပုံလေးကတော့
အကြောင်းအရာတူ ဆိုဒ်နှစ်ခုကို နှိုင်းယှဉ် သုံးသပ်ရတဲ့ အခါများ အကြောင်းအရာ တစ်ခုကို ကိုးကား ခြေရာပြန်ကောက်ရတဲ့ အခါများမှာ Browser windows နှစ်ခု သို့ Tab နှစ်ခု သုံးပြီး ယှဉ်တွဲ ခဲ့ရတာပါ။ ၀င်းဒိုးနှစ်ခုကို ချုံ့ အရွယ်တော်ညှိပြီး ဘယ်ညာ နေရာချပြီး ကြည့်ရမယ် ဒါမှမဟုတ် ဟိုတပ်နှိပ် ဒီတပ်နှိပ် ရနဲ့ သိပ်မမိုက်လှ ပါဘူးဗျာ။
Chrome မှာတော့ plugin သုံးပြီး Tab တစ်ခုထဲမှာဘဲ ယှဉ်တွဲ ကြည့်နိုင်သွားတယ်။ Screen resolution နိမ့်နေရင်တော့ ပြည့်ဝစွာမြင်ရဖို့ ခဲယဉ်းပါမယ်။
ဒီ Chrome dual view plugin ကို toolbar ပေါ် drag n drop ဆွဲထည့်ထားမယ်။
လိုအပ်ရင် Chrome dual view ကိုနှိပ်ပြီး first popup မှာ လိပ်စာတစ်ခု second popup မှာ ယှဉ်တွဲမယ့် လိပ်စာဖြည့်ပေးလိုက်ရင် ရပါပြီ။
ဒါဆို သေသေ သပ်သပ်လေး နှိုင်းယှဉ်ကြည့်နိုင်ပြီပေါ့....
0 ရေးပေးပါ:
Post a Comment