IP
Showing posts with label Gtalk. Show all posts
Showing posts with label Gtalk. Show all posts
4/20/13
Gtalk Shortcut key (လိုရမယ်ရပေါ့)
ကျွန်တော်တို့ အင်တာနက်ကိုစတင်အသုံးပြုပြီဆိုထဲက G-talk ကိုတော့လူတိုင်းသုံးကြမှာပါ။ကျွန်တော်တို့
အသုံးပြုနေတဲ့ G-talk ကိုအောက်က နည်းလမ်းလေး
တွေအတိုင်းအလွယ်တကူသုံးကြည့်၇အောင်နော်…..
1.Typing ၇ိုက်နေ၇င်းနဲ့ Call ခေါ်ချင်တယ်ဆို၇င်တော့ F11 ကိုနှိပ်ပါ။
2.Call ကိုပြန်ပိတ်ချင်တယ်ဆို၇င်တော့  F12  ကိုနှိပ်လိုက်ပါ။
3.Typing ၇ိုက်နေ၇င်နဲ့ Mail ၀င်လာလို့စစ်ချင်တယ်ဆို၇င်တော့ F9 လေးကိုနှိပ်ပါ။
4.CTRL + Mousewheel up/down ကို သုံးပြီး ChatBox ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။
5.Window တွေကို minimize လုပ်ဖို့က Alt+Esc ကိုနှိပ်ပါ ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box  ကိုပိတ်လိုက်တာပါ။
6.Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးနိုင်ပါတယ်။
7. Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို ပြောင်းနိုင်ပါတယ်။(Mouse သုံးစ၇ာမလိုတော့ဘူးပေါ့)။
8. Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရပါတယ်။
9.Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့ ။( စမ်းသပ်မကြည့်ဖူးဘူး ၊ )
10.Ctrl+c က copy ၊ Ctrl+v က paste ပါ ။
11. Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်နိုင်ပါတယ် ။
12.right click ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင်right click နဲ့ပိတ်လိုက်ပါ ။
13.Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကိုလည်း Right Click နှိပ်ပြီး ပိတ်လို့၇ပါတယ်။
17.window + M ကိုနှိပ်ပြီး firefox ကို minimize လုပ်ထား လို့ရပါတယ် ။ပြန်ဖွင်ချင်တယ်ဆို၇င်တော့
    Window + Shift + M ကိုနှိပ်ပြီးဖွင့်လိုက်ယုံပါပဲ။
ဒါကတော့ဗဟုသုတအနေနဲ့ပါ။သိပြီးသူတွေလဲ၇ှိမှာပါ။မသိသေးသူများအတွက်၇ည်၇ွယ်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ…….ကျေးဇူးတင်ပါတယ်ခင်ဗျာ……. 
12/11/12
Google Earth Plus 6.0.2.2074
13.90 MB
Google Earth နောက်ဆုံးပေါ်လေးဆိုပြီး တောင်းဆိုထားလို့ ရှာဖွေဖော်ပြပေးလိုက်ပါတယ်။ အသုံးပြုဖို့အတွက် အောက်က အဆင့်တွေအတိုင်းလုပ်ကြည့်ကြပါခင်ဗျာ...
၁။    အရင်ဆုံး အောက်မှာပေးထားတဲ့ လင့်မှာ ဒေါင်းလုပ်ယူပြီး WinRar ဖိုင်ကို ဖြည်လိုက်ပါ။
၂။    Set up ကို install လုပ်ပါ။ ပြီးရင် Google Earth ကို ပိတ်လိုက်ပါ။ မ run ပါနဲ့အုံး။
၃။    Patch Folder ထဲမှာပါတဲ့ patch file (google.earth.plus.6.0.2.2074-mpt) ကို copy ယူပြီး Installed directory ထဲမှာ paste သွားလုပ်ပါ။ Installed directory ကတော့ default အနေနဲ့ C:\Program Files\Google\Google Earth\ ဆိုပြီးရှိပါလိမ့်မယ်။
၎။   ပြီးရင် အဲဒီ patch file လေးကို double click လုပ်ပြီး run လိုက်ပါ။ အောက်ကပုံလေးအတိုင်း တွေ့ရ ပါလိမ့်မယ်။ 
၅။    ဘယ်ဘက်က ကျားခေါင်းပုံလေးကို ကလစ်လုပ်လိုက်ပါ။ သူ့အောက်က လေးထောင့်ကွက်လေးမှာ "OK" ပြတဲ့အထိစောင့်ပါ။ ပြီးရင် ပိတ်လိုက်ပါ။ ဒါဆိုရင် Google Earth ကိုအပြည့်အ၀ အသုံးပြုလို့ရသွားပါပြီ။ အားလုံးအဆင်ပြေကြပါစေဗျာ..
Download :
Gmail မှာ Plus Addressing ပေါင်းထည့်ပြီး မိမိအကောင့် လုံခြုံအောင်လုပ်ဆောင်နည်း
မိမိ Web Site တွေဝင်တဲ့ အခါ မှတ်ပုံတင်စရာ မလိုတဲ့ Site တွေမှာ မလိုအပ်ပေမဲ့ မှတ်ပုံတင်ပြီးမှ ၀င်ရတဲ့ Site တွေမှာ မိမိအကောင့်လုပ်ခြုံဖို့အတွက် Plus လေးက အတော်အသုံးဝင်ပါတယ်။မိမိအကောင့်နှင် password သိသွားပြီး မိမိအတွက် မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်လာနိုင်ပါတယ်။( ဥပမာ မိမိအကောင့်ကိုရောင်းစားတာမျိုးတွေ တခြားအကြောင်းအရာတွေလည်းဖြစ်လာနိုင်ပါတယ်) လုပ်နည်းကတော့
Web Site တွေကို register လုပ်တဲ့အခါ မိမိ Email လိပ်စာရဲ့နောက်မှာ Plus Addressing လေးပေါင်းထည့်လိုက်ရုံပါပဲ။ ဥပမာ မိမိ အကောင့်က yarzar@gmail.com ဆိုရင် yarzar+မိမိဝင်တဲ့ Web Sit လိပ်စာဖြစ်ပါတယ်။ Sit က www.all-channel.com ဆိုရင် yarzar+all-channel@gmail.com လို့ပေးလိုက်ပါ။ အဲဒီ Site က မေးလ်ပို့တဲ့အခါ yarzar+all-channel@gmail.com ဆိုပြီးပို့မှာဖြစ်ပါတယ်။မိမိ ဆီလာတဲ့မေးလ်တွေကို အောက်ပါအတိုင်း လုပ်ဆောင်ခိုင်းထားလို့ရပါတယ်။
1. Gmail ကိုဖွင့်ပါ။
2. Setting ကို click ပါ Filter ကို click ပါ။ To မှာ မိမိ register လုပ်ခဲ့တဲ့ အကောင့်ကိုရိုက်ပါ။ပြီးရင် Next step ကို click ပါ။
3.အောက်ပါအတိုင်း ကျလာတဲ့ box မှာ မိမိစေခိုင်းချင်တာကိုစေခိုင်း
လို့ရပါတယ်။ပြီးရင် create Filter ကို click ပါ။ဒါဆိုရင် မိမိ အကောင့်ကို Web Site တွေ ၀င်တဲ့အခါလုံခြုံမှာဖြစ်သည်။
အဆင်မပြေတာများရှိရင် ပြန်လည်ညှိ နိုင်းနိင်ပါသည်။။။။။။။။။။။။။။။။။
11/13/12
GMail Filter အသုံးပြုနည်း
သူများတွေဆီကို ချက်ချင်း forward လုပ်ချင်လည်းရသလို၊ အရေးကြီးတဲ့ စာတွေကို သတ်သတ် စုစည်း လို့လည်းရတယ်။ တစ်နေရာရာမှာ သိမ်းထားချင်တဲ့ စာတွေကိုလည်း သိမ်းခိုင်းလို့ရတယ်။ ကိုယ်ရှာချင်တဲ့ စာဟောင်းတွေကိုလည်း အသိအကျနှင့် ပြန်ရှာလို့ရပါတယ်။
filter လုပ်တော့မယ်ဆိုရင် ကိုယ့် gmail ထဲကိုဝင် အပေါ်ဘက် အလယ်မှာရှိတဲ့ create filter ကနေပဲသွားသွား၊ အပေါ်ညာ ထောင့်နားမှာ ရှိတဲ့ mail setting ကတစ်ဆင့် filter ကိုသွား Filter menu အောက်ဆုံးက create a new filter ကနေလည်းသွား လို့ရတယ်။
filter လုပ်တဲ့နေရာမှာ ရွေးစရာ နည်းလမ်း ၆ မျိုးပါပါတယ်။ ကိုယ့်ဆီကို စာပို့တဲ့လိပ်စာနှင့် လုပ်ချင်ရင်တော့ from၊ ပို့ခံရသူလိပ်စာနှင့် ဆိုရင် To မှာ အေးမေလ်း လိပ်စာရေးမယ်၊ subject မှာပါတဲ့ အကြောင်းအရာနှင့်ဆိုရင် subject မှာရေး၊ ဘယ်မှာ ပါမှန်းမသိဘူး email စာထဲမှာပါတဲ့ စကားစုနှင့် filter လုပ်ချင်တယ်ဆိုရင် Has the words မှာရေး၊ မပါတဲ့စကားစုနှင့် စာတွေ filter လုပ်ချင်ရင် doesn’t have မှာ ထည့်ရေးပြီးတော့ attachment ပါတာတွေကို ရှာခိုင်းချင်ရင်တော့ has attachment ပေါ့။
Test search နှင့်အရင် အစမ်းရှာခိုင်း ကြည့်လို့ရတယ် သေချာပြီးဆိုရင်တော့ next step ပေါ့။
ရွေးစရာ ၈ ခု ထပ်ပေါ်လာပါတယ်။ ခုနက ကိုယ် filter လုပ်လိုက်တဲ့ ဟာတွေကို ဘယ်လို ဆက်လုပ်ခိုင်း မလဲပေါ့။ skip the inbox ကိုရွေးရင် ရောက်လာတဲ့စာကို filter နှင့် ကိုယ်လုပ်ခိုင်းတာတွေ လုပ်ပြီးပြီဆိုရင် inbox ထဲကနေ ဖယ်ထားလိုက်မှာ archive လုပ်လိုက်မှာ၊၊ mark as read ဟာ စာတွေကို ဖတ်ထားပြီးသား စာတွေလို လုပ်ပစ်လိုက်မှာပါ။ star it ဆိုရင် ကြယ်လေးနှင့် အရေးကြီးပုံစံ လုပ်ပေးမှာ။ Apply the lable ဆိုရင် lable တပ်ပေးမယ် ကြိုက်တဲ့ lable ဖန်တွးလို့ရတယ်။ ပြီးတော့ forward it ကိုရွေးရင်တော့ အဲဒီမှာ ကိုယ်ပေးတဲ့ လိပ်စာမှာ တစ်ဆင့်ပို့ပေးမယ်။ forward ပို့ပေးမယ့် လိပ်စာ မရှိသေးရင်တော့ manage your forwarding addresses မှာ လုပ်လို့ရတယ်။ Delete it ကိုရွေးရင်တော့ filter မှာ လုပ်ခိုင်းတာတွေ ရောက်ရင်ရောက်ချင်း ချက်ချင်း ဖျက်ပစ်လိုက်မှာ (spam mail တွေလိုဟာမျိုး ဖျက်ပေးနိုင်တယ်)။ Never send it to spam ကို ရွေးရင် ဘယ်တော့မှ spam mail အဖြစ် မသတ်မှတ် လိုက်ပါနှင့် လို့ပြောတာပါ။ နောက်ဆုံး Also apply ကိုရွေးရင် ကိုယ့် email account ထဲမှာ ရှိပြီးသားတွေပါ အကျိုးသက်ရောက်သွားမှာ ဖြစ်တယ်။ ပြီးရင်တော့ Create filter ပေါ့။
Filter တွေကြိုက်သလောက် ဖန်တီးလို့ရပါတယ်။ မနှစ်သက်တော့ဘူး ဆိုရင်လည်း ပြန်ဖျက်လို့ရတယ်။ ပြင်ချင်ရင်လည်း ပြန်ပြင်လို့ရပါတယ်။
11/2/12
G-TALK ချက်ဘောက် ဘက်ဂရောင်းပြုလုပ်ခြင်း
မိမိ ကိုယ်ပိုင် ကွန်ပြူတာ နဲ့ ချက်တင်သမား တွေ အတွက် မိမိ ဂျီတော့ ချက်ဘောက် လေးကို
အပုံလေး ထည့် ပြီး အသုံးပြုနည်းလေး ပြောချင်ပါတယ်..သိပြီးသူများရှိမယ် ထင်ပါတယ်
မသိသေးမရှိသေးတဲ့ လူများအတွက် ရည်ရွယ်ပါတယ်..ညီလုပ်ထားတဲ့ ဒီဇိုင်းလေး ကို အရင်ကြည့် လိုက်ပါဦး
မိမိ ဥာဏ်ရှိသလို ဖိုတိုရှော့ သုံးပြီး ပြုလုပ်လို့ ရပါတယ်..
နမူနာ ပုံလေး က
အိုကေ ကြိုက်ရင် စလိုက်ရအောင်..
အဆင့်  ၁။။။ RUN ကို ခေါ်လိုက် run ကို start ကနေပြီး နှိပ်လိုက်ရတယ် နောက်ခေါ်နည်းက window key နဲ့  r ကို တွဲနှိပ်ရင် run ဘောက် ပေါ်လာမယ်..
အဆင့်  ၂။။   Local Settings\Application Data\Google\Google Talk\themes\system\chat\ClassicPicture\Contents\Resources
အထက်ပါစာသားကို တစ်လုံးမကျန်အောင် ထည့်  ပြီးရင် အိုကေ နှိပ်လိုက်..ဒီလိုပုံလေး ပေါ်လာမယ် xp ၀င်းဒိုးမှာနော် w 7 လဲရတယ် ..
 ပြီးရင် မိမိ ကြိုက်ရာ ဓါတ်ပုံ တစ်ခု ကို အခုမြင်ရတဲ့  ဖိုင် ထဲ ထည့် လိုက်
ခြောက် ဖိုင် ဖြစ်သွားမယ် ဓါတ်ပုံ ကို မှတ်မိလွယ်တဲ့  နာမည် တစ်ခုပေးထားဗျာ..
အိုကေ ဆက်မယ်..
အဆင့်  ၃။။ အဲဒီ ဖိုင်တွေ ထဲက main ဖိုင် ကို ရိုက်ကလစ် open with notepad နဲ့ ဖွင့် လိုက်ပါ..
အခုလိုပေါ်လာပြီး
ဒီစာသားလေးကို ရှာလိုက်ပါ..
BODY {
  margin: 6px;နောက်မှာ  ဒီစာသားလေး ကို ထည့် လိုက်
background-image: url(N2
.jpg)
N2 နေရာမှာ မိမိ ဓါတ်ပုံ နာမည်လေးကို အစားထိုး ပေးလိုက်ပါ..
ဓါတ်ပုံ က jpg အမျိုးစား မှ ရ မယ်နော် သတိပေးတာ..
ပြီးရင် notepad ဖိုင် က နေ save နှိပ်လိုက် ပြီးရင် ချက်ဘောက် ကို
ဖွင့် ကြည့် လိုက်ပါ..
မိမိ ထည့် ထားသော အပုံလေး ကို ချက်ဘောက် မှာ မြင်တွေ့ ရမှာဖြစ်ပါသည်..
အဆင်ပြေကြပါစေ .
10/31/12
Google Earth Pro 6.2 Full Patch
Google Earth Pro 6.2 Full Patch - Mediafire
Software Information :
Title : Google Earth Pro 6.2 Full Patch
Date Released : 2012
Version : 6.2.2.6613 Final
Category :Virtual Globe
Publisher: Google
Format : RAR
Size : 17.34 MB
Download :
Password : aspirasisoft.us
Minium System Requirements:
  • Windows XP, Vista, 7
  • Pentium 3, 500 MHz
  • 128 MB RAM
  • Disk Space 400 MB
  • Internet speed: 128 kbps
  • Resolution 1024x768, color 16-bit
Google Earth Pro 6.2 Full Patch - Mediafire
10/23/12
Gtalk မှာ Current Music ပေါ်အောင်.......
G talk မှာ သူငယ်ချင်းတို့ က ကိုယ့်ခံစားချက်လေး တွေ ကဗျာလေးတွေ နဲ့ ပေါက်ကွဲမှု တွေကို ကိုယ်သူငယ်ချင်းတွေ မြင်နိုင်သိနိုင်စေဖို့ Custom Massage နေရာလေးမှာ တင်ထားတတ်ကြပါတယ်။
ကိုယ်ဖွင့်ပြီးနားထောင်နေတဲ့ သီချင်းလေးကိုလည်း သူများတွေ သိအောင် ပြထားချင်ရင် တော့ ဒီလိုလေးလုပ်နိုင်ပါတယ်။
နားထောင်လို့ တော့မရဘူးပေါ့ ဘာသီချင်းနားထောင်နေတယ် (ကြွားတာပေါ့နော်) တော့ မြင်ရယုံလေး -
အသုံးပြုနိုင်တဲ့ Player တွေကတော့ ကျွန်တော် သိသလောက်တော့ Window Media Player & Winamp
တို့ နဲ့လုပ်နိုင်ပါတယ်
Window Media Player နဲ့ လုပ်ပုံလုပ်နည်းလေးကတော့-
(၁) Window Media Player မှာ အရင်ဆုံး Play List တစ်ခု အရင်လုပ်ပါ စိတ်ကြိုက်နာမည်တစ်ခုနဲ့
(၂) ပြီးရင် Window Media Player ရဲ့ Organize> option>plug-ins>background ကိုဝင်လိုက်ရင် သူဘေးနားက Box လေးမှာ G talk ဆိုတာလေး ရှိနေမှာပါ
(၃) ပီးရင် G talk ရဲ Custurm Massage နေရာလေးက Show current music ကို ရွေးပေးလိုက်ပါ
Window Media Player ရဲ့ စောစော Play List ကသီချင်းတွေကို ဖွင့်လိုက် ပါ ဒါဆို သီချင်းနာမည် လေးပေါ်နေမှာဖြစ်ပါတယ်
------------------------------------------------------------
Winamp Player နဲ့ လုပ်မယ် ဆိုရင် တော့-
(၁) Winamp နဲ့ Gtalk ကို နှစ်ခုလုံးပိတ်ထားပေးပါ
(၂) ပီးရင်လိုအပ်တာက Winamp ကို Cး အပိုင်းပေါ့ အဲမှာ ထားရမှာပါ
(၃) Folder Option ကိုဝင်လိုက်ပါ View(tab)  > Hide extensions for know file types  ကို
Chack Mark လေးဖြုတ်ထားပါ ။
(၄) နောက်ပီး Winamp Icon ကို R Clck > Properties > File Location Folder  ကိုဝင်လိုက်ပါ
(၅) ရောက်ပီဆိုရင် New text docment တစ်ခုလုပ်ပါ
(၆) New text docment ကို Rename ပြောင်းပေးရပါမယ် winamp.m3u ဆိုပီး ပြောင်းလိုက်ပါ။
ဒါဆို Box တစ်ခု တက်လာမှာပါ OK လိုက်ရင် ပီးရင် အားလုံးကိုယ့်နားထောင်နေတဲ့သီချင်း နာမည်လေး
ကြွားလို့ ရပါပီ ……………
G Talk ကို Show carrent Music track ကိုပြောင်းလိုက်ရင် အိုကေပီ………..
7/19/12
Email ကို စိတ်ချ စွာအသုံးပြုနိုင်ရန်
အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူး။ ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ
အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာစိုးလို့ လျှောက်ရိုက်ပြီး ထွက်တတ်ကြပါတယ်။
တစ်နေ့ကregistery ထဲဝင်ကလိရင်းနဲ့ တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user
တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်။(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေး လာသုံးလို့ gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့  ကောင်မလေးများဆိုရင်တော့ကောင်လေးချောချောလေးကို
မှတ်မှာပေါ့နော် ) အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပါဘူးဗျ။ အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် gtalk ကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ။
ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။
win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေHKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။
ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေး
ခဲ့ရင် ပိုကောင်းတာပေါ့  ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username
တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံပြီပေါ့ ။
မော်ဇီလာမှာ တစ်ချို့တစ်လေ က ပတ်စ်ဝပ်တွေကျန်တာတွေရှိပါတယ်။ အဓိက ဆိုက်ဖာ ကာဖေးတွေမှာ ဖြစ်တတ်ပါတယ်။ အများသုံးလေ။ ဒါကြောင့် ကိုယ့် ၀င်တဲ့ ၀က်ဆိုက်မှာ ကိုယ့်အကောင့် ကျန်တာတို့ မဖြစ်အောင်။ ဂျီမေးလ် နဲ့အခြားအရေးကြီးဆိုက်တွေ မှာ လုံခြုံမှုရှိအောင် အသုံးပြုပြီးတိုင်း၊ ဘရောက်ဇာမပိတ်ခင်မှာ ကိုယ်ဘာဝက်ဆိုက်တွေ ဖွင့်ထားခဲ့တယ် ဆိုတာ scholl bar မှာ မတွေ့ရအောင်။ အသုံးပြုပြီးတိုင်း Ctrl+Shift+Del ကို နှိပ်ပါ။
အားလုံးကို ဖျက်ဖို့ ကလစ် အကုန်ပေးပါ ဒါပြီးရင် Clear Private Data ပေးလိုက်ပါ။ နောက်လူက ဘာမှ မသိနိုင်တော့ပါဘူး ။
နောက်တစ်ချက်က မော်ဇီလာမှာ အသုံးပြုခဲ့တဲ့ ပတ်စ်ဝပ်များ ကို သေချာ အသုံးပြုပါ ပတ်စ်ဝပ်ဆေ့ဖ်မှာလား ဆို No ဘဲပေးပါ။ ဒါမှ မယုံကြည်သေးရင် မော်ဇီလာက Tools——–> Option——> Security——–>
Savepassword ဆိုတာရှိပါတယ်။ အဲ့ဒီမှာ ကိုယ့်ပတ်စ်ဝပ်က ကျန်မကျန်ကြည့်လို့ရပါတယ်။ မာစတာ ပတ်စ်ဝပ်ခံထားရင်တော့ ကြည့်လို့မ၇ပါဘူး။ မာစတာ ပတ်စ်ဝပ်ရှိမှ သိနိုင်ပါတယ်။   ဒါကတော့ သေချာပြန်စစ်ဘို့လိုမယ့်အချက်လေးတွေပါ။ ဖိုရမ်တွေဝင် ရင်ပိုဆိုးပါတယ်။ ကိုယ့် အကောင့်နဲ့တခြား သူတွေက ၀င်ပြီး မဟုတ်တာတွေ စွတ်လုပ်သွားရင် ကိုယ်ဘဲ နာမည်ပျက်မှာပါ။ ကိုယ့်ရဲ့ပေါ့လျော့မှုကြောင့် မဖြစ်ရအောင် ပြောတာလေးကို သေချာလုပ်ပေးကြဘို့ ပြောလိုပါတယ်။
4/17/12
Gmail နှင့် VZO အကောင့်ဖွင့်နည်း
Gmail account အသစ်ဖွင့်လိုသောသူငယ်ချင်းများအတွက် အကောင့်ဖွင့်နည်းအသစ်လေးပါ..
ပေါ်လာတဲ့ထဲက Learn how ကိုကလစ်ပါ
START THE INTERVENTION ကိုကလစ်ပါ။
ပြီးရင် ENTER YOUR CONTACT INFO အောက်မှာ သင်လက်ရှိသုံးနေတဲ့ Gmail address နဲ့ သင့်နာမည်ကိုထည့်ပေးပါ.. ENTER YOUR FRIEND'S CONTACT INFO အောက်မှာ သင့်အကောင့်ထဲမှာရှိတဲ့ သင့်သူငယ်ချင်းနာမည်နဲ့ Gmail address ကိုထည့်ပေးပါ။ ပြီးရင် NEXT ကိုကလစ်ပါ။
အပေါ်ကပေါ်လာတဲ့ထဲက SEND ကိုကလစ်ပါ။ပြီးရင်သင်၏မေးထဲသို့ စာတစောင်ဝင်လာပါမည်။ ထိုစာအားကလစ်ပါက အောက်ပါအတိုင်းထပ်မံပေါ်လာမည်။
ပေါ်လာတဲ့ထဲက Switch to Gmail ကိုကလစ်ပြီး သူငယ်ချင်းတို့လိုချင်တဲ့ Gmail account အသစ်ကို ပြုလုပ်နိုင်ပါပြီ။
VZO account အသစ်ဖွင့်လိုသောသူငယ်ချင်းများအတွက် အကောင့်ဖွင့်နည်းအသစ်လေးပါ..
သူငယ်ချင်းတို့ေ၇ vzo အကောင့်ကို ကိုယ်တိုင်ဖွင့်စမ်းကြည့်ချင်တယ်ဆို၇င်
ပထမဆုံး ဒီနေ၇ာကို ကလစ်နှိပ်ပြီးသွားပါ
ပြီး၇င် အောက်ကပုံတွေကိုကြည့်လိုက်
ဘာမှခက်ခဲတာတော့မ၇ှိပါဘူး
မလုပ်တက်ဘူး အကောင့်မဖွင့်တက်ဘူးဆို၇င်လဲပြောပါ
ကျနော် တက်နိုင်သလောက် အကောင့်ဖွင့်ပေးပါမယ်
ကျနော် တက်သလောက် vzo အကောင့်ဖွင့်နည်း ဝေမျှတာပါ
လိုအပ်ချက်တွေမပြည့်စုံမှုတွေလဲရှိမှာပါ
ထောက်ပြ လမ်းညွှန်ပေးပါခင်ဗျ
အပေါ်မှာ ကျနော် ပြောထားတဲ့ ဒီနေ၇ာကို ဆိုတာကို နှိပ်လိုက်၇င်
အောက်က စာမျက်နာကိုေ၇ာက်သွားပါလိမ့်မယ်
Register ကိုနှိပ်လိုက်ပါ ပြီး၇င် အောက်က စာမျက်နာကိုေ၇ာက်
သွားပါလိမ့်မယ်
choose your VZOchat ID မှာ မိမိနာမည်ထည့်ပါ
Email မှာ မိမိ Email ထည့်ပါ
password နဲ့ Retype password မှာ တူညီတဲ့ password ထည့်ပါ
Gender မှာ ကျား/မ ရွေးပေးပါ
country မှာ မိမိနိုင်ငံရွေးပေးပါ
City/location မှာ နေ၇ပ်လိမ်စာေ၇းပေးပါ
I gree with the terms of VZOchat use နေ၇ာမှာ အမှတ်ခြစ်လေးထည့်ပေးပါ
ပြီး၇င် register ကိုနှိပ်ပါ
မရှင်းသေး၇င် ကျနော် ဖြည့်ထားတဲ့နမူနာကြည့်ပါ
အပေါ်ပုံလိုအကုန်ဖြည့်ပြီးပြီဆို၇င် Register ကိုနှိပ်လိုက်ပါ
password ကို ၆လုံး ဒါမှမဟုတ် ၈ လုံးလောက်ေ၇းပေး၇င်၇ပါတယ်
အစက်လေးထည့်ဖို့အတွက် နှစ်ခုလုံးကို လုပ်စ၇ာမလိုပါဘူး
တစ်ခုကိုရွေးပေး၇င်၇ပြီ
တစ်ခုနော် ကျနော် ပုံမှာပြထားတာက ကြိုက်တာရွေးလို့၇အောင်ပြထားတာပါ
ဒီမေးခွန်းတွေက လွယ်ပါတယ်မဖြေလဲဘာမှတော့မဖြစ်ဘူး
ဖြေမယ်ဆို၇င်လဲ ဘေးနားက မြှားလေးကိုကလစ်ပြီရွေးပေးလိုက်ရုံပါပဲ
                 Birthday ကိုရွေးထည့်ပေး
ကျနော်တာတွေက ဖြည့်လဲ၇တယ်မဖြည်လဲ၇တယ်
ပြီး၇င် finish ကိုေ၇ွးပေးပါ
ဒီလောက်ဆို၇င် ၇ပါပြီ
အဆင်ပြေကြပါစေ..................... အဆင်မပြေတာများရှိခဲ့သော် ပြန်လည် ကွန်မန်းပေးဆွေးနွေးနိုင်ပါသည်။။။ အပေါင်သားးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
4/5/12
Gtalk မှာ ပုံတွေ အလိုလို ပြောင်းချင်တဲ့ Gtalk-Shell
ဒီဆော့လေးကတော့ Gtalk မှာပုံတွေအလိုလို ပြောင်းစေချင်ရင်တော့ ကျွန်တော် Gtalk-Shell လေးကိုအသုံးပြုရမှာပါ အောက်မှာ ကျွန်တော်တင်ထားပေးပါတယ်။
အသုံးပြုနည်း။    ။
  • Gtalk Shell ကိုအင်စတောလုပ်ပါ ပြီးရင် 
  • Gtalk အပေါ်မှာပါတဲ့ Shell ဆိုတာလေးကို ကလစ်ပေးပါ ပြီးရင်
  • Options ကိုသွားပါ ဘယ်ဘက်မှာရှိတဲ့ Avatar ဆိုတာလေးကို နှိပ်ပြီး
  • Add ကိုနှိပ်ပါ ပုံရှိတဲ့ နေရာကနေ ပုံထည့်ချင်တဲ့ပုံများကိုယူလိုက်ပါ.တစ်ပုံနဲ့ တစ်ပုံ ပြောင်းလဲချိန် ကိုလဲ ချိန်လိုရပါတယ်။
  • Interval(Seconds)လေးမှထားချင်သလောက်ထား လိုရပါတယ်ပြီးရင် OK နှပ်လိုက်ပါ။
  • ပြီးရင်တော့ သယ်ရင်းရဲ့ Gtalk မှာ ပုံလေးတွေ တစ်ပုံပြီးတစ်ပုံပြောင်းနေတာတွေရမှာပါ။
သယ်ရင်းများအလိုရှိပါက ဒီမှာ ဒေါင်းပါ  
Twitter Delicious Facebook Digg Stumbleupon Favorites More
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management