IP
Showing posts with label Facebook. Show all posts
Showing posts with label Facebook. Show all posts

8/24/13

Facebook မှာ မဟုတ်တာတင်ရင် မဆဲဆိုကြပါနဲ့

Facebook တို့ Blogger တို့ဟာ ဒီမိုကရေစီနည်းလမ်းကျကျနဲ့ လည်ပတ်နေပါတယ်။ ကျွန်တော်တို့ကို ကြိုက်တာတင်ခွင့်၊ ရေးခွင့်ပေးထားပါတယ်။ ဒါပေမယ့် အများထင်နေကြသလိုမျိုး စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပါ။ လူတစ်ယောက် တင်တဲ့အကြောင်းအရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊ လူမျိုးရေးဘာသာရေးတိုက်ခိုက်မှုဖြစ်ရင်၊ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှုတွေပါရင်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဆိုရင် Report လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ ပေးထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အထက်ပါအကြောင်းအရာမျိုးတွေ တစ်စုံတစ်ယောက်က သူ့ Facebook မှာ တင်တဲ့အခါမှာ ၀ိုင်းပြီးတော့ ဆဲနေမယ့် အစား Facebook ဆီ Report ၀ိုင်းတင်ပြီး ဖျက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ Report တင်တဲ့သူများရင် Facebook က ဖျက်ပေးမှာ အသေအချာပါပဲ။ Facebook ရဲ့ အယူအဆကတော့ ရှင်းပါတယ်။ အများက လက်မခံရင် သူတို့ဘက်က ဖျက်ပေးမယ်ဆိုတာပါပဲ။



ပုံမှာပြထားသလိုမျိုး သူတင်လိုက်တဲ့ Status ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ် ခလုတ်လေးကိုနှိပ်ပြီး Report/Mark as Spam ကို ရွေးပေးပါ။ အဲဒီအခါမှာ ပုံ(၂)မှာ ပြထားသလိုမျိုး Thanks for Your Help ဆိုတဲ့ စာတမ်းပေါ်လာပါလိမ့်မယ်။ အဲဒီမှာပါတဲ့ Report ဆိုတဲ့ Link ကို ထပ်နှိပ်ပါ။


အဲဒီအခါ ပုံ (၃) လို Window တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ သူတင်ထားတဲ့ Post  ဟာ ဘယ်လိုအကြောင်းအရာမျိုးနဲ့ ငြိစွန်းတယ်ဆိုတာကို ကိုယ့်ဘက်က သေချာရွေးပေးရပါလိမ့်မယ်။


I don't like this post (ဒီပို့စ်ကို ကျွန်တော်မကြိုက်ပါ)
  
It's harassing me (ဒီပို့စ်ဟာ ကျွန်တော့်ကို တိုက်ခိုက်နေတယ်) 

It's harassing a friend (ဒီပို့စ်ဟာ ကျွန်တော့်သူငယ်ချင်းကို တိုက်ခိုက်နေတယ်)


Spam or scam (ဒီပို့စ်ဟာ အကျိုးမရှိတဲ့ Spam တစ်ခုဖြစ်တယ်)



Hate Speech (ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားပြောဖြစ်တယ်)


သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်

           * Target a Race or Ethnicity (လူမျိုးရေးတိုက်ခိုက်မှု)            * Target a religious group (ဘာသာရေးတိုက်ခိုက်မှု)            * Targets based on gender or orientation (ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုကို တိုက်ခိုက်မှု)            * Targets people with disability or disease (မသန်မစွမ်းသူများကို တိုက်ခိုက်မှု)


Violence or harmful behavior (ချိုးဖောက်မှု သို့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အပြုအမူဖြစ်တယ်) သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်

            * Credible threat of violence (ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှု)             * Self-Harm             * Suicidal Content (ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနှင့် ဆက်နွယ်သောအကြောင်းအရာ)             * Graphic Violence (ပုံရိပ်ပိုင်း ချိုးဖောက်မှု - အခြားသူပုံများကို အခွင့်မရှိပဲ တင်ခြင်း)             * Theft or vandalism (ခိုးယူမှု သို့ ရမ်းကားဖျက်ဆီးမှု)             * Illegal drug use (မူးယစ်ဆေးဝါးသုံးစွဲမှု)


Sexually explicit content (လိင်ပိုင်းဆိုင်ရာ မသင့်တော်သော အချက်အလက်များပါဝင်နေမှု)


My friend's account might be compromised or hacked (ကျွန်တော့်သူငယ်ချင်းရဲ့ အကောင့်ကို ခိုးယူပြီးသုံးစွဲနေခြင်း)



အထက်ပါရွေးစရာတွေထဲကမှ သင့်တော်တာကို ရွေးပြီး Continue ကို နှိပ်ပါ။ အဲဒီအခါ ပုံ ၄ မှာ ပြထားသလိုမျိုး Window တစ်ခု ထပ်ပေါ်လာပါလိမ့်ဦးမယ်။



Block ကို ရွေးပေးလိုက်ရင်တော့ သူနဲ့ကိုယ်နဲ့ Facebook မှာ ဆက်သွယ်လို့ မရတော့ပါဘူး။
Get help..... ကို ရွေးပေးရင်တော့ ကိုယ်နဲ့အတူ Report ၀ိုင်းတင်ဖို့ သူငယ်ချင်းတွေ အကူအညီတောင်းနိုင်ပါလိမ့်မယ်။

မဖြစ်မနေလုပ်ရမှာကတော့ အောက်ဆုံးက Report to Facebook ကို အမှန်ခြစ်ပြီး Continue ကို ဆက်နှိပ်ပါ။


နောက်ဆုံး Thank you ပေါ်လာရင်တော့ Report တင်တာ အောင်မြင်သွားပါပြီ။


6/28/13

Track Who Chack My Facebook Profile

ဒီနည်းလမ်းက 100 % အလုပ်ဖြစ်ပါတယ်။ ဘယ် app ကိုမှမသုံးပါဘူး။ အဲကြောင့် Facebook ပေါ်က app တွေကိုမသုံးပါနဲ့။ တစ်ချို့ app တွေက Spam တွေလွတ်နေတာ စိတ်အနှောက်ရှက်ဖြစ်ရပါတယ်။ အခန့်မသင့်ရင် အကောင့်ပါသွားနိုင်တယ်လေ။ :D ဒီနည်းလမ်းကိုတော့ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ မသိသေးသူများအတွက်ရည်ရွယ်ပါတယ်။

အရင်ဆုံး မိမိ Facebook ကို Login ဝင်ပြီးသကာလ New Feed တွေရှိရာမှာ Right-Click>View Page Source ကိုသွားပါ။

Ctr+F နှိပ်ပြီး ordered_list.top_friends ဟုရိုက်ထည့်ပါ။

ဒါဆို ပုံမှမြင်ရတဲ့အတိုင်း ordered_list.top_friends ရဲ့ဘေးကို Scroll လုပ်ပြီး "100003648-2" "1000546031-2" တွေထဲက ဥပမာဆိုကြပါစို့ 100003648 ကိုယူပါမည်။ ဘေးက 2 ကိုမေ့လိုက်ပါ။

တွေ့တဲ့အတိုင်း id တွေအများကြီးတန်းစီပြီးရှိနေတာတွေ့ရပါမည်။ ဒါကတော့ ခင်ဗျားတို့ ပရိုဖိုင်ကိုလာကြည့်တဲ့ FB ထဲက Friends ဖြစ်ထားတဲ့ လူတွေပါပဲ။ 
ပြီးရင် Browser မှာ www.facebook.com/100003648 ဆိုပြီးခေါ်ကြည့်လိုက်ပါ။ ဒါဆိုရင် သင့် Profile ကိုလာကြည့်တဲ့မောင်မင်းသားကြီးကိုတွေ့ရပါပြီ။ :D
အဆင်ပြေနိုင်ကြပါစေခင်ဗျာ((((( )))))))

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management