skip to main |
skip to sidebar
ဒီနည်းလမ်းကို
အသုံးပြုနိုင်ရန်အတွက် Windows 8 Pictures folder မှာ အနည်းဆုံး ဓာတ်ပုံ
တစ်ပုံ လိုအပ်ပါတယ်။ ထို့နောက် ရွေးချယ်ထားတဲ့ ဓာတ်ပုံပေါ်မှာ
စက်ဝိုင်းများဆွဲခြင်း၊ မျဉ်းကြောင်းများဆွဲခြင်း ဒါမှမဟုတ် နေရာ
သုံးနေရာမှာ tap လုပ်ခြင်းဖြင့် လုံခြုံရေးစနစ်တစ်ခု
ဖန်တီးပြုလုပ်နိုင်ပါတယ်။ Log in လုပ်တဲ့အခါမှာလည်း အဆိုပါ gesture
များအတိုင်း ပြန် လည်ပြုလုပ်ရမှာပါ။ ဒါကြောင့် Windows 8 မှာ picture
password တစ်ခုဖန်တီးပုံ အဆင့်ဆင့်ကို ဖော်ပြလိုက်ပါတယ်။
(၁)
PC Settings screen ရှိ Sign-in option မှ Create a picture password
ခလုတ်ကိုနှိပ်ပါ။ အသုံးပြုသူ ရဲ့ account ကိုအတည်ပြုရန်အတွက်
လက်ရှိအသုံးပြုနေတဲ့ text password ကို ရိုက်ထည့်ပါ။
(၂) “Welcome to picture password” screen ပေါ်လာတဲ့အခါမှာ မတူညီတဲ့ gesture များနဲ့ picture password တစ်ခု ဖန်တီးပုံကို ရှင်းပြပါလိမ့်မယ်။
(၃) ဘယ်ဘက် pane မှာရှိတဲ့ Choose picture button ကိုနှိပ်ပါ။
ဓာတ်ပုံများကိုဖော်ပြပေးမယ့် Pictures folder ပေါ်လာပါလိမ့်မယ်။ Password
အနေနဲ့ အသုံးပြုလိုတဲ့ ဓာတ်ပုံကိုနှိပ်ပါ။ ထို့နောက် ဘယ်ဘက်အောက်
ထောင့်မှာရှိတဲ့ Open ခလုတ်ကို နှိပ်ပါ။
(၄) ဓာတ်ပုံရဲ့ အရွယ်အစားပေါ် မူတည်ပြီး ပုံရဲ့ အနေအထားကို
ပြင်ဆင်နိုင်ပါတယ်။ အနေအထားကို ကြိုက်နှစ်သက်တဲ့အခါမှာ Use this picture
ခလုတ်ကို နှိပ်ပါ။
(၅) “Set up your gestures” screen ပေါ်လာတဲ့အခါမှာ ပထမ gesture, ဒုတိယ
gesture နဲ့ တတိယ gesture တို့ကို ဖန်တီးပါ။ ထို့နောက် “Confirm your
gestures” screen မှာ အဆိုပါ gesture သုံးမျိုးကို ပြန်လည် ပြုလုပ်ပါ။
တူညီအောင် ပြုလုပ်နိုင်ပါက picture password တစ်ခု ဖန်တီးပြုလုပ်မှု
အောင်မြင်စွာ ပြုလုပ်နိုင်မှာဖြစ်ပြီး မတူညီရင်တော့ ထပ်မံပြုလုပ်ဖို့
လိုမှာဖြစ်ပါတယ်။ ထို့နောက် Finish ခလုတ်ကို နှိပ်ပါ။
(၆) Windows ခလုတ်ကိုနှိပ်ပြီး Start Screen သို့ ပြန်သွားပါ။
ညာဘက်အပေါ်ထောင့်ရှိ account အမည်နဲ့ ဓာတ်ပုံကိုနှိပ်ပြီး menu မှ Sign out
ကို ရွေးပါ။
(၇) Log in ပြန်လုပ်တဲ့အခါမှာ picture password ကို တွေ့ရမှာဖြစ်ပါတယ်။
အဆင့် (၅) မှာ ဖန်တီးထားတဲ့ gesture သုံးခုကို ရေးဆွဲပြီး Sign in လုပ်ပါ။
မှန်ကန်စွာ ရေးဆွဲနိုင်တဲ့အခါမှာ Start screen သို့ရောက်သွားမှာ ဖြစ်ပါတယ်။
မှန်ကန်ခြင်းမရှိပါက ပြန်လည်ရေးဆွဲခြင်း ဒါမှမဟုတ် text password ကို
အသုံးပြုခြင်းဖြင့် log in ပြုလုပ်နိုင်ပါတယ်။
0 ရေးပေးပါ:
Post a Comment