တစ်ခါတစ်လေ
ကိုယ်သုံးနေတဲ့ USB,Memory Card လေးတွေက အကြောင်းအမျိုးမျိုးကြောင့်
ဖိုင်လ်တွေ ထပ်ထည့်လို့
မရတော့တာမျိုး၊ ထုတ်လို့ မရတော့တာမျိုး၊ Format ချမရတာမျိုး ဖြစ်တတ်ပါတယ်။
အဲဒီလို ပြဿနာမျိုး ကြုံလာခဲ့ရင် ဒီနည်းလမ်းအတိုင်း
ဖြေရှင်းပေးနိုင်ပါတယ်...။
USB Memory Stick ကို ကွန်ပြူတာမှာ တပ်ထားပါ...။
USB Memory Stick ကို ကွန်ပြူတာမှာ တပ်ထားပါ...။
Start > Search box(Window+R) ထဲမှာ devmgmt.msc ရေးပြီး Enter ခေါက်ပါ...
Disk Drives ဆိုတာလေးကို ကလစ်လိုက်ပါ အဲဒီမှာ ကိုယ့်ရဲ့ USB Drive ကို တွေ့ပါလိမ့်မယ်။
USB Device ကို Double Click (or) Right Click ထောက် Propereties ကိုနှိပ်ပါ။ နောက်ထပ် Box လေးပွင့်လာရင် အပေါ်က MenuTab မှာ
Policies ကိုနှိပ်ပြီး "Optimize for performance" ကို ရွေးပေးလိုက်ပါ။ Window 7 မှာတော့ (“Better
performance”) လို့ပေါ်ပါတယ်..။
အားလုံးပြီးရင် My Computer ကို
ပြန်သွားပြီး USB Drive ပေါ်ကို Right click > Format ချကြည့်ပါ။ Format
ချတဲ့ နေရာမှာ File System ကိုကြည့်လိုက်ရင် NTFS Format Option ကို
တွေ့ရပါလိမ့်မယ်။
USB drive ကို NTFS နဲ့ Format ချလို့ရပါပြီ...။
0 ရေးပေးပါ:
Post a Comment