အခု တင်ပြမဲ့ အကြောင်းအရာကတော့ Gmail ထဲက လုပ်ဆောင်စရာ အချက်အလက်လေးတွေပါ ။
ကျွန်တော့်ကို သူငယ်ချင်း တော်တော်များများ က လာလာမေးနေကြလို့ ပါ ။
အဲ့ဒါကြောင့် အကုန်လုံးအဆင်ပြေသွားအောင် Discussion တစ်ခုအနေနဲ့  ရေးသား
တင်ပြလိုက်ရပါတယ် ။ ဒီအချက်လေးတွေကတော့ လုပ်ဆောင်ရတာ အင်မတန်မှ လွယ်ကူပြီး
အသုံးပြုရတာလည်း ပိုမို ကောင်းမွန်စေပါတယ် ။ ဒီ Features တွေကို ဟိုးးး
အရင်ကတည်းက google က ပေါင်းထည့် ပေးထားတာ ဖြစ်လို့ လုပ်ဆောင်ထားကြတဲ့
သူတွေလည်း တော်တော်များများ ရှိမှာပါ ။ အခုမှ Internet ကို စတင်ပြီး ထိတွေ
့မဲ့ သူငယ်ချင်းတွေ ၊ မလုပ်ဆောင်ရသေးတဲ့ သူငယ်ချင်းတွေ အတွက်ကို
ရည်ရွယ်ပြီး ရေးသားရခြင်း ဖြစ်ပါတယ် ။ အရင်တုန်းကလည်း ဒီအကြောင်းအရာတွေကို
Disscussion အနေနဲ့ တင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ အဲ့တုန်းက နဲ့ ခု မတူတော့ပါဘူး။
နောက်ထပ် Features အသစ် အသစ်တွေလည်း အများကြီး ထပ်ပေါင်းထည့်ပေးထားတာမို့
တစ်စုတစ်စည်းတဲ့ ဖြစ်စေချင်တဲ့ စိတ်နဲ့ တင်ပြလိုက်ရပါတယ် ။ သိပြီးသားဆိုလည်း
သည်းခံပြီး မသိတာလေးတွေ ထပ်ပြီး ယူမယ်ဆိုတဲ့ စိတ်နဲ့  ဖတ်ကြည့်လိုက်ကြပါဦး ။
အဲ့ဒါဆို ကျွန်တော်တို့ အရင် ဆုံး လုပ်ရမဲ့ အလုပ်က gmail ထဲကို ၀င်လိုက်ပါ ။
ပြီးရင် Settings ထဲကို သွားပါမယ် ။အဲ့ဒါဆိုရင် ဒီလိုပုံလေး တွေ့ မြင်ရပါလိမ့်မယ် ။
တစ်ချို့ Feature တွေကတူမှာ မဟုတ်ပါဘူး ။ဒါပေမဲ့ အောက်က အတိုင်း လုပ်ပြီးသွားရင်တော့
တူသွားပါလိမ့်မယ် ။ တော်ကြာ မတူဘူးဆိုပြီး တိုင်ပတ်နေကြမှာ စိုးလို့ ပါ ။

အဲ့ဒါဆို ကျွန်တော်တို့ အရင်ဆုံးလုပ်ရမှာက General ဆိုတဲ့ tab မှာပါ ။
အဲ့မှာ စပြီး လုပ်ဆောင်လို့ ရတဲ့ Feature လေးကို ပြောပါမယ် ။
ကျွန်တော်တို့ ရဲ့ မေးလ်တွေထဲကို သူငယ်ချင်းတွေဆီက မေးလ်တွေ တစ်ခါတစ်ခါ
ရောက်ရောက်လာတတ်ပါတယ် ။ဒီမေးလ် ပို့ တဲ့ အတွက် ကျေးဇူးတင်ရှိပါကြောင်းတို့ ဘာတို့ .. ချက်ခြင်း
ပို့ လိုက်တာနဲ့ ချက်ခြင်း ပြန်ရောက်လာတာမျိုးပါ ။အဲ့အတွက်ကို အဲ့မှာ လုပ်ဆောင်ပေးလို့ ရပါတယ် ။
တကယ်တော့ အဲ့ Feature လေးဟာအဲ့လိုစာမျိုးတွေ ရေးသား ဖို့ အတွက် ထည့်ပေးထားတာ မဟုတ်ပါဘူး ။
အဓိက ကတကယ် အရေးတကြီး သွားစရာ လာစရာ ရှိတဲ့ အချိန် မျိုး ၊အင်တာနက်
မသုံးနိုင်တဲ့အချိန်မျိုးတွေအတွက် alert တစ်ခု ထားခဲ့ဖို့ ထည့်ပေးထားတာပါ ။ ဥပမာ -ကျွန်တော်ဆို
စာမေးပွဲ ဖြေစရာ ရှိလို့ အင်တာနက် မသုံးနိုင်တဲ့ အချိန်မှာအဲ့ကောင်လေးကို On ပြီး စာချန်ထားခဲ့ပါတယ် ။
စာမေးပွဲ ဖြေစရာ ရှိလိုအွန်လိုင်းမ တက်နိုင်ပါ .. ဘာညာသာရကာ ပေါ့ ... ။ သူ့ ဟာသူ ကိုယ့်ဆီမေးလ်ပို့ တဲ့
သူတွေကို auto reply ပြန်ပေးနေပါလိမ့်မယ် ။ အရင်တုန်းက Onရယ် Off ရယ် ဆိုပြီး နှစ်ခုပဲဒါပမဲ့
အခု နောက်ပိုင်း On , Off နဲ့  StartDate , End Date ပါ ထည့်ပေးထားတာကြောင့် တော်တော်လေးကို
အဆင်ပြေနေပါပြီ ။လုပ်ရမှာက ဒီလိုလေးပါ ။ General ဆိုတဲ့ tab လေးမှာ အောက်နည်းနည်းဆင်းလိုက်ရင်
အခုလို လေးတွေ့ ပါလိမ့်မယ် ။

အဲ့မှာ On ဆိုတာလေးကို ရွေးပေးပြီးရင် Subject နဲ့  Message နေရာမှာ ကိုယ်reply ပြန်ချင်တဲ့
အကြောင်းအရာကိုထည့် ဘယ်နေ့ ကနေ ဘယ်နေ့ အထိ ပို့မယ်ဆိုတာကိုရွေးပေးလိုက်တာနဲ့ 
အဆင်ပြေပါပြီ ။ ဒါပေမဲ့ သူ့ မှာလည်း မကောင်းတဲ့ အချက်တော့ ရှိပါတယ် ။
ဘာလဲ ဆိုတော့ Sent Mail ထဲမှာ အဲ့မေးလ်တွေအများကြီး သွားရှုပ်နေပါလိမ့်မယ် ။
ဒါပေမဲ့ ကိစ္စတော့ သိပ်မရှိပါဘူး ။ အဲ့လောက်နဲ့ ဆိုရင်တော့ အဆင်ပြေပါတယ် ။
ပြီးရင် ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက် က မေးထားတဲ့ အကြောင်းအရာလေးကိုဖြေပေးပါ့မယ် ။
ဘာလဲ ဆိုတော့ သူက မေးလ်တွေ အကုန်လုံးကို inbox ထဲမ၀င်စေချင်ဘူး ၊ ပြီးတော့ အဲ့မေးလ်တွေကို
သပ်သပ် ခွဲထားချင်တာပါ ။ အဲ့ဒါဆိုအခု ပြောမဲ့ အတိုင်း လုပ်ထားလိုက်ရင် အကုန် အဆင်ပြေပါပြီ ။
အဲ့ဒါဆို အရင်ဆုံး Filter အလုပ်ကို စတင် လုပ်ဆောင်ရပါမယ် ။ တကယ်လို့ ကိုယ်ကတစ်နေရာထဲမှာ
သပ်သပ် ခွဲ ထားချင်တယ်ဆိုရင်တော့ Label ကို အရင်ဆောက်ရပါမယ် ။အဲ့ဒါဆို Settings ရဲ့ 
ဒုတိယ Tab မှာ Label ဆိုပြီး ရှိပါတယ် ။ အဲ့ထဲကိုဝင်လိုက်ပါ ။ အပေါ်မှာ ရှိတဲ့ System Labels
ဆိုတာတွေကိုတော့ ပြင်ပေးလို့မရပါဘူး ။ ဒါပေမဲ့ အောက်က Label ဆိုတဲ့နေရာမှာတော့
လုပ်ဆောင်လို့ ရပါတယ် ။ကိုယ်မလိုချင်တဲ့ Label တွေကိုဖျက် ၊ မဖျက်ရင် Rename ပေး ..
ပြီးရင်ကိုယ်ဆောက်ချင်တဲ့ Label name ပေးလိုက်ပါ ။ MMITD က မေးလ်တွေကိုတစ်နေရာတည်းမှာ
စုထားချင်တယ် ဆိုပါစို့  ။ အရင်ဆုံး MMID ဆိုပြီး Createလုပ်ပေးလိုက်ပါ ။
ပြီးရင် inbox,starred,chats စတာတွေရဲ့ အောက်နားလေးမှာကိုယ်တည်ဆောက်ခဲ့တဲ့
MMIT Label လေး တစ်ခု ရောက်သွားပါလိမ့်မယ် ။ အဲ့မှာကြိုက်တဲ့ Label Color လေးတွေကိုလည်း
ရွေးပေးလို့ ရပါတယ် ။ အဲ့ဒါဆိုရင်Label တစ်ခု Create လုပ်ပြီး သွားပါပြီ ။ပြီးတော့
Filter တစ်ခုတည်ဆောက်ပါမယ် ။ဒါဆို Settings ထဲက Filter ဆိုတဲ့ tab မှာ
လုပ်ဆောင်လို့ ရသလို မေးလ်အပေါ်ဆုံးမှာ ရှိတဲ့ဒီနေရာလေးက Create filter ဆိုတာလေးကို
နှိပ်ပြီးလည်း လုပ်ဆောင်နိုင်ပါတယ် ။Create filter ဆိုတာလေးကို နှိပ်လိုက်ရင်

From ဆိုတဲ့ နေရာလေးမှာ @mmitd.com ဆိုပြီး ထည့်လိုက်ပါ ။ ပြီးရင် Next Steps ..

Next Steps ဆိုတာလေးကို နှိပ်လိုက်ရင် Choose Actions ဆိုပြီးတွေ့ ရမှာပါ ။
အဲ့မှာ-Skip the Inbox ဆိုတာလေးကို အမှန်ခြစ်-Apply the Label ဆိုတဲ့နေရားမှာ
ခုန ပြုလုပ်ထားတဲ့ MMITD ဆိုတဲ့ Label လေးကို ရွေးပြီးရင် Update Filter ဘေးနားလေးမှာ ရှိတဲ့
Check Box လေးကို အမှန်ခြစ် ( mmitd က မေးလ်တွေ အားလုံးကို Label ထဲထည့်မှာမို့ လို့ ပါ)
ပြီးတာနဲ့  Update filter လေးကို နှိပ်လိုက်ရင် MMITD က ပို့ လိုက်တဲ့မေးလ် မှန်သမျှ Inbox ထဲကို
ရောက်ရှိမှာ မဟုတ်ပဲ တစ်ခါတည်း တန်းပြီး MMITDဆိုတဲ့ Label လေးထဲကို ၀င်သွားပါလိ့မ်မယ် ။
တကယ်လို့ From ဆိုတဲ့ နေရာလေးမှာ ဘာထည့်ရမှန်း မသိဘူး ဆိုရင်တော့ အရင်ဆုံး
ကိုယ် filter လုပ်ချင်တဲ့ မေးလ် တစ်ခုခုထဲကို ၀င်ပြီး Show Detailsဆိုလေးကို နှိပ်လိုက်ရင် ...
Select လုပ်ပြထားသလိုမျိုး မေးလ်တိုင်းမှာ တွေ့  ရမှာ ဖြစ်ပါတယ် ။
အဲ့ဒါဆိုရင် အဲ့ဒါလေးကို ထည့်ပေးနိုင်ပါတယ် ။ အခုတစ်လော ning site တွေရဲ့ 
အခက်အခဲကြောင့် group.ps ကို ပြောင်းရွေ့ သွားတဲ့ ဆိုဒ်တွေက မေးလ်တွေကတော်တော်လေးကို
အနှောင့်အယှက်ပေးနေလို့ ... ။ group.ps က ပို့တဲ့ မေးလ်တစ်ခုထဲကို ၀င် show details ကို နှိပ်ပြီးရင်
@.... နောက်ကဟာကိုပဲကော်ပီကူး Filter တစ်ခု လုပ်ပြီးးး ရွေးပေးတဲ့ နေရာမှာ Delete Forever
ကိုရွေးပေးနိုင်ပါတယ် ။ အဲ့ဒါဆိုရင် အကုန် မေးလ်ထဲကို ရောက်တော့မှာ မဟုတ်ပါဘူး။Facebook က
မေးလ်တွေ ကို တစ်နေရာတည်းမှာ စုထားချင်ရင်လည်း FacebookLabel လေး အရင်ဆောက် Filter လုပ်
@facebook ကို From နေရာမှာထည့်ပြီးလုပ်ဆောင်နိုင်ပါတယ် ။ တကယ်လို့ .. ချစ်သူ လေးဆီကတို့ ..
ဘာတို့ .. လုပ်ချင်တယ်ဆိုရင်တော့ အဲ့နေရာမှာ Gmail ကို ထည့်ပေးနိုင်ပါတယ် ။
အဲ့ဒါဆိုရင်တော့ တော်တော်အဆင်ပြေလောက်ပါပြီ ။
ကဲ .. ပြီးပြီဆိုရင်တော့ Lab ဆိုတဲ့ Tab ကို ရွှေ့ ပါ့ မယ် .. ။
Lab ထဲကိုဝင်လိုက်ရင်တော့ လုပ်စရာတွေ နည်းနည်းများသွားပါပြီ ။
ကျွန်တော်ပြောတာအစီအစဉ် ကျချင်မှ ကျပါလိမ့်မယ် ။ လိုက်ရှာပြီး လုပ်ကြည့်လိုက်ပါ ။
သူ့ဘေးနားမှာ ပုံလေးတွေလည်း ပါပါတယ် ။
အသုံးဝင်မယ်ထင်တဲ့ ဟာလေးတွေနည်းနည်းလောက်ကိုပဲ ပြောပြတာပါ ။
Mails ထဲမှာ Stars တွေကို Priority အဆင့်သတ်မှတ်ချက်နဲ့ သုံးချင်ရင်တော့
Superstars ပေါင်းမြောက်မြားစွာရှိတဲ့ Superstars ဆိုတဲ့ Button မှာ Enable ကိုရွေးပေးလိုက်ပါ
ပြီးရင် Gmail Setting အောက်က Generalဆိုတဲ့ tab မှာပဲ ကြယ်ပေါင်း မြောက်မြားစွာ ကိုရွေးပေးလို့ 
ရပါတယ်.. ဒါဆို ကိုယ့်အဆင့်သတ်မှတ်ချက်နဲ့ကိုယ် stars တွေကိုရွေးပြီး ပေးလို့ ရနိုင်ပါပြီ ။
ပGmail ထဲက invisible သမားတွေအတွက် .. Gmail ထဲမှာ ချက်ရင် ပုံတွေမမြင်ရပါဘူး
အဲ့ဒါကြောင့် Pictures in Chat ဆိုတာလေးကိုရွေးပေးလိုက်ရင် Gtalk မှာချက်သလိုပဲ ပုံလေးတွေကိုမြင်ရမှာပါ
နောက်တစ်ခု က Multiple Inboxes ဆိုတာလေးပါ... အဲ့ဒါရဲ့ လုပ်ဆောင်ချက်ကတော့ Gmail
ဝင်ဝင်ချင်း Page မှာပဲ inboxes ရော starred ရော drafts တွေရော အကုန်အစုံအလင်ပြတာပါ
is:starred, is:drafts ဆိုပြီးတော့ multiple inboxes ဆိုတဲ့ tab မှာ လေးငါးခုလောက်ရွေးပေးလို့ ရပါတယ်
.is:trash တို့ ဘာတို့ ညာတို့ပေါ့ ပြီးရင် အဲ့ဒါကို Inbox ရဲ့ အောက်မှာထားမှာလား
အပေါ်မှာထားမှာလားဘေးမှာထားမှာလားဆိုတာကိုလည်း ရွေးပေးလို့ ရပါသေးတယ်။
အဲ့နေရာမှာ အဲ့ဒါတွေအကုန်လုံးကို ဖျက်ပြီး ကျွန်တော်တို့ အပေါ်ကပြုလုပ်ခဲ့တဲ့ LabelNameလေးတွေကို
ရွေးပေးလိုက်မယ် ဆိုရင် ... မိမိရဲ့ မေးလ်ဟာတော်တော်လေးကိုလန်ထွက်သွားတာ တွေ့ ရမှာပါ ..။
ဟိဟိ ..သူငယ်ချင်းတွေ မြင်ရင် ဘယ်လိုလုပ်တာလဲ ဆိုပြီး မေးလိမ့်မယ် .. အဲ့တော့မှ ဆရာလုပ်လိုက်
ကိုယ်မေးလ်သုံးနေတဲ့အခါမှာ Google မှာ အကြောင်းအရာတစ်ခုခုကို ရှာချင်ပြီဆိုပါစို့ 
ဒါဆို ကျွန်တော်တို့အရင်ဆုံး new tab ဖြစ်ဖြစ် window ဖြစ်ဖြစ် ဖွင့်ရတော့မှာပါ
ဒါပေမဲ့..အဲ့လိုလုပ်စရာ မလိုပါဘူးgoogle search ဆိုတဲ့ button မှာ enable ကို
ရွေးပေးထားလိုက်ရင် ကိုယ့်မေလ်းရဲ့  ဘယ်ဘက် Chat Listရဲ့ အောက်နားလေးမှာ
Web Search ဆိုပြီးပေါ်လာမှာပါ အဲ့မှာ တစ်ခါတည်းရှာလို့ ရပါပြီ ။
နောက်တစ်ခုကတော့ အလွန်အသုံးဝင်တဲ့ tools လေးပါပဲ .. တစ်ယောက်ယောက်ဆီ မေလ်းကို
မှားမှားပို့ မိတာကြုံဖူးကြမှာပါ . အဲ့အတွက်ပါ. Undo Send ပါတဲ့ အဲ့ဒါလေးရဲ့ Enable ကို on
ထားလိုက်ရင်တော့ပို့ နေတဲ့အချိန် sending ဆိုတဲ့ စာသားလေးရဲ့ ဘေးနားမှာ cancel
ဆိုတာလေးပေါ်နေမှာဖြစ်ပြီးYour message have been sent ဆိုပြီးရောက်သွားပြီဆိုရင်တော့
ဘေးနားမှာ Undo ဆိုတာလေးကလေးငါး စက္ကန့် လောက်ပေါ်နေမှာဖြစ်ပါတယ်..
ကဲ.. အဲ့ဒါဆိုရင်မှားပို့ မိမှာ မကြောက်ရတော့ဘူးပေါ့ဗျာ ။
Gmail မှာ Attachment တွေ တွဲပို့ တဲ့အခါမှာလည်း အဆင်မပြေမှုတွေ ကြုံတွေ့ ကြရမှာပါ
အဲ့ဒါအတွက်လည်း မပူပါနဲ့ တော့ဗျာ. Inserting Images ဆိုတာလေးကိုသာ Enable ပေးထားလိုက်ပါ
အဲ့ဒါဆိုရင် compose mail ကို နှိပ်လိုက်တဲ့အခါမှာ bold italic underline တို့ရဲ့ ဘေးနားလေးမှာ
insert image ဆိုပြီး ပုံလေးပေါ်နေတာကိုတွေ့ရမှာပါ . အဲ့ဒါ လေးကို click လိုက်တာနဲ့  ကိုယ်ပို့ ချင်တဲ့စာ
ဒါမှမဟုတ် ပုံတွေဟာ attachment အနေနဲ့ မဟုတ်ပဲ gmail ရဲ့  body ထဲကနေ ထွက်သွားမှာ ဖြစ်မှာတယ်။
Extra Emoji ဆိုတာလေးရှိပြီး အဲ့ဒါလေးကတော့ gmail မှာနောက်ထပ် Emotion Icon မြောက်မြားစွာကို
အသုံးပြုလို့ ရစေပါတယ်။
နောက်တစ်ခုကတော့ Google Calendar gadget ပါတဲ့ ခင်ဗျာ. အဲ့ဒါလေးကတော့Gmail ရဲ့ 
Chat List ပြီးတော့ Web Search (on ထားပါက) အဲ့ဒါတွေရဲ့ အောက်မှာ Google
Calendarဆိုပြီး ပြက္ခဒိန်လေးကို မြင်နေရမှာ ဖြစ်ပါတယ်..။
ပြီးတော့ Inbox Preview ဆိုတဲ့ button လေးပါ ။
On ပေးထားလိုက်ရင် Gmail Loadingဆွဲနေတဲ့အချိန်မှာ Inbox ကို preview အဖြစ် ပြနေမှာ ဖြစ်ပါတယ်။
Move Icon Column ဆိုတာကို On ပေးထားရင် ပုံမှာ ပြထားတဲ့ အတိုင်း Icon လေးတွေက
ဘယ်ဘက်ကို ရောက်ရှိနေမှာပါ ။
ပနောက်အခု အသစ် ထပ်ထည့်ပေးထားတာက Nested Label ပါ ။
ကျွန်တော်တို့ ခုဏလို filter တွေအများကြီး နဲ့ Label တွေ အများကြီး လုပ်လိုက်ရင်
မေးလ်ရဲ့ ဘယ်ဘက်မှာအရမ်းရှုပ်သွားပါလိမ့်မယ် ။ အဲ့လိုမျိုးမဖြစ်ရအောင် ပုံမှာပြထားတဲ့အတိုင်း
Tree လို အဆင့်ဆင့် နဲ့  Label လေးကို ထားတာပါ ။ အဲ့ဒါ Onပြီးသွားရင် Label ဆိုတဲ့ tab ကို
ပြန်သွားပြီး MMITD ထဲမှာ Facebook ကိုထားချင်တယ်ဆိုရင် MMITD/Facebook လို့ ထားနိုင်ပါတယ် ။
အဲ့ဒါကတော့ကိုယ်ပေးထားတဲ့ Label Name နဲ့ ပဲ သက်ဆိုင်ပါတယ် ။
အဓိကက ကြားထဲမှာ / လေးထည့်ပေးရတာပါ ။ နှစ်ခု သုံးခု ဆိုလည်း ရပါတယ် ။
နောက် Right side chat ဆိုတဲ့ ဟာလေးကိုရှာပြီး On လိုက်ရင်လည်း မေးလ်ထဲမှာ ရှိတဲ့
Chat Boxဟာ မေးလ်ရဲ့ ညာဘက် အပေါ်ထောင့်နားလေးကို ရောက်ရှိသွားမှာ ဖြစ်ပါတယ် ။
အဲ့ဒါလေးတွေကတော့ အသုံးဝင်မဲ့ ဟာလေးတွေပါ ။ တစ်ခြား button တွေလည်း အများကြီး
ရှိပါသေးတယ် ။စာဖတ်ပြီး မိမိ အတွက် အသုံးဝင်မဲ့ ထင်တဲ့ button လေးတွေမှာ
enable ပေးပြီးအသုံး ပြုနိုင်ပါတယ် ။ အကုန်လုံး ပြီးရင်တော့ Save Changes ကိုနှိပ်လိုက်တာနဲ့ 
လူတကာ အားကျလောက်တဲ့ မေးလ် Box တစ်ခု ကို ရရှိမှာဖြစ်ပါတယ် ။အဲ့လောက်ဆိုရင်တော့
တော်တော်လေး အဆင်ပြေသွားပါပြီ ။ စာဖတ်ပြီးလိုက်လုပ်ရတာနဲ့ ခေါင်းတွေလည်း မူးသွားလောက်ပါပြီ
။ဒါပေမဲ့လုပ်ဆောင်စရာတွေက အများကြီး ရှိသေးလို့ ကိုယ့်ဟာကိုယ် လုပ်ဆောင်ကြည့်ကြဖို့လည်းတိုက်တွန်း
ချင်ပါတယ် ။ များများ ကလိလေ များများ ပျက်လေ ..(ဟိဟိ)မှားလို့ .. များများတတ်လေ ဆိုတဲ့ အတိုင်း
Self Study လုပ်ကြပါ ။များများ ဖတ်ပြီး များများ ကလိကြပါ ။ ပြီးတော့ အိုင်တီလိုင်းကို
တကယ်လိုက်တော့မယ်ဆိုရင် Online Forum တစ်ခု က ကူးယူတင်ပြထားတဲ့ 

0 ရေးပေးပါ:
Post a Comment