IP

6/23/12

Photo Shop ဖြင့် Text ထည့်နည်း


အပေါင်သား

ဒီပုံလေးကို Fotolr PS HD က နဂိုရှိပြီး Design လေးထဲကို ထည့်လိုက်ပါတယ်...

 

Adobe PhotoShop CS5 ထဲမှာ Open ပြီး Text Tool ကို ရွေးချယ်ပါတယ်...
Text Box ပြုလုပ်တာနဲ့  Text Layer ကို ဖွင့်ပြီး ဖြစ်နေတာကို တွေ့ ရမှာပါ... Text ရဲ့ Font, Size နဲ့  Color တို့ ကို ရွေးချယ်ရပါမယ်...


Text ကို ရေးပြီး စာရွက်အတိုင်း စောင်းရန်အတွက် Edit >>>Transform>>> Rotate ဆိုတာကို ရွေးချယ်ပါမယ်...
စာရွက်အစောင်းအတိုင်း စာလုံးကို Rotate ပြုလုပ်ပေးပါမယ်...


စာလုံးကို စာရွက်အတိုင်းစောင်းပြီးရင် Move Tool ယူပြီး စာလုံးကို ရွှေ့ ပြောင်းလို့ ရပါတယ်...


ဒါဆိုရင် ကိုကို့ ဆီပို့ ဖို့  အဆင်သင့်ဖြစ်သွားပါပြီ...
Text နှစ်ကြောင်းအတွက် Text Layer နှစ်ခုရှိနေမှာပါ... ကိုယ်ပြင်ချင်တဲ့ Text Layer ကို Select လုပ်ထားပြီး ပြင်လို့ ရပါတယ်...
သူငယ်ချင်းတို့ က စာလုံးလေးတွေက ရိုးတယ်လို့ ထင်ရင် ပုံတွင်ပြထားသည့်အတိုင်း Styles မှ တစ်ခုချင်းဆီကို ရွေးချယ်ပြီး စာလုံး Style လေးတွေ ပြောင်းပေးလို့ ရပါတယ်...


နောက်တစ်ခုက စာလုံးရေးတဲ့ပုံစံအမျိုးမျိုးပြောင်းလို့ ရတာပါ...


0 ရေးပေးပါ:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management