skip to main |
skip to sidebar

Opera
Browser ကတော့ အသုံးပြုတဲ့လူနည်းမယ်ထင်ပါတယ်။ များသောအားဖြင့် mozilla
fire fox ကိုပဲသုံးကြတာ များတယ်။ ကျွန်တော်လဲ အရင်က opera
ကိုစမ်းသုံးကြည့်ဖူးပါတယ်..မြန်မာစာမြင်ရလို့ အဆင်မပြေဘူးဆိုပြီး
မသုံးဖြစ်တော့ တာ။ အခု ၀င်းကမ္ဘာကျော်နည်းပညာဆိုက် ကနေ opera မှာ
မြန်မာစာပေါ်အောင်လုပ်တဲ့နည်းလေးတွေ့လို့ ပြန်သုံးတော့မယ်ဗျို့.
ဘာလို့လဲဆိုတော့ opera မှာ function လဲစုံတယ်..firefox ထက်လဲ
မြန်တယ်လေ..file sharing ပါလုပ်လို့ ရလို့
တော်တော်လေးအဆင်ပြေပါတယ်။အဓိကအကြိုက်ဆုံးအချက်ကတော့ connection
နှေးနေတဲ့အချိန်မှာ opera turbo
ဆိုတဲ့ ဟာလေးသုံးလို့ရတာပါပဲ။ firefox လို add on တွေလဲ သုံးလို့ရပါတယ်။မြန်ဆန်မှုကတော့ firefox ထက်သာတယ်။
ဘယ်အရာမဆို အားသာချက်၊ အားနည်းချက် ဆိုတာရှိစမြဲမို့ ကိုယ်တိုင်အသုံးပြုကြည့်တာအကောင်းဆုံးပါပဲ။
မြန်မာစာပေါ်အောင်လုပ်နည်းကလဲ သိသွားတော့လဲ လွယ်လွယ်လေးပါပဲ။ အရင်ဆုံး
Notepad လေးကို ဖွင့်ပြီး ဒီအောက်က ရေးထားတဲ့ ကုတ်ဒ်လေးတွေကို
ကော်ပီကူးထည့်လိုက်ပါ....။
* , html, body, div, p{font-family:Zawgyi-One !important;}
ပြီးရင် User.css လို့ ရေးပြီး တနေရာရာ မှာ Save ထားလိုက်ပါ ..။
ပြီးရင် အဲဒီ User.css Notepad ဖိုင်လေးကို Copy ကူးပြီး
my computer>>>local disk(:C)>>>program
file>>> opera >>>styles အထိသွားပြီး Paste
လုပ်ပေးလိုက်ပါ....။
ထည့်ပြီးပြီဆိုရင်တော့ Opera Broswer လေးကို Exit ပေးပြီး ထွက်လိုက်ပါ
....။အားလုံး ပြီးရင်တော့ Opera လေးကို ပြန်ဖွင့်ကြည့်လိုက်ရင်
မြန်မာစာတွေကို ဒီအတိုင်း ဖတ်လို့ ရေးလို့ ရသွားပါပြီ.....။
mozilla fire fox ထက်ပိုမြန်ဆန်ပါတယ်
Opera Browser ကိုဒေါင်းချင်ရင်တော့
အဆင်ပြေနိုင်ကြပါစေခင်ဗျာ
0 ရေးပေးပါ:
Post a Comment